4

445 62 0
                                    

UNICODE

ချန်းယောလ် ကျောင်းပြောင်းလာတာ တစ်ပတ်ရှိပြီ
တစ်နည်းအားနဲ့ ပြောရရင်
ဒီဘဝမှာ ဘတ်ဟျွန်းအနားကို ရောက်လာတာ တစ်ပတ်ရှ်ိပြီ

တစ်ပတ်အတွင်းမှာ တစ်ကျောင်းလုံးက ပြောသည်
ပတ်ချန်းယောလ် နဲ့ ဗြောင်ဘတ်ဟျွန်းက ရည်းစားတွေတဲ့

ဘယ်လို မဆီလျော်မှုကြီးလဲ !
ဘယ်နားက ရည်းစားတွေနဲ့ တူနေလဲ
သူ ဒီလောက် အနေတည်တာကို

တကယ်ဆို ပတ်ချန်းယောလ်က ဗြောင်ဘတ်ဟျွန်းကို
တစ်ဖက်သတ် ကြိုက်နေပါတယ်လို့
သတင်းထွက်ရမှာ မဟုတ်ဘူးလား ?
သူ့ကို အမြဲ လိုက်တွယ်ကပ်နေတာ အသိသာကြီးကို

ခုလည်း ကန်တင်းမှာ  မခွံ့ကျွေးရုံ တမယ်ပါပဲ
ဘတ်ဟျွန်းဘေးမှာ ကပ်ထိုင်နေသည်

တွေးနေရုံရှိသေး ပါးစပ်ထဲကို ဇွန်းဝင်လာတာကြောင့်
ဘတ်ဟျွန်း ဝူးဝူးဝါးဝါးအသံနှင့် ထပြောရသည်

ဟ ခွံ့ပါကျွေးနေပြီ !

''ဘာလုပ်တာလဲ''

''နင်နေဦးမယ် အရင်ဝါးစားလိုက် ... ဝါးစားလိုက်
  ကြက်ချိုချဥ်ကြော် မင်း ကြိုက်တယ်လေ ''

ဖြစ်နိုင်ရင် သူပါ ကူးဝါးပေးချင်တဲ့ရုပ်နဲ့ ကဲသဲနေသည့်
ချန်းယောလ်ကို မကျေမနပ်ကြည့်ရင်း
ပါးစပ်ထဲက ကြက်ချိုချဥ်ကိုကြော်သာ
အားနဲ့ ဝါးလိုက်တော့သည်

တကယ် တရားခံက ပတ်ချန်းယောလ်ပဲ
သူ ဘယ်လောက်ပဲ အနေတည်နေပါစေ
ဘေးက လိုက်ကဲသဲနေမှတော့
ရည်းစားတွေပါလို့ အထင်ခံရပါပြီပေါ့

''ဘတ်ဟျွန်း သူ့ဘာသူ စားပါလိမ့်မယ်ကွာ''

မြင်နေရတာ မျက်စိနောက်လာပုံရသည့်
မင်ဆော့က ဝင်ပြောသည်

''အေးပါ''

ချန်းယောလ်ငြိမ်သွားပြီး ထမင်းငုံ့စားနေသည်

၁စက္ကန့်
၂စက္ကန့်
၃စက္ကန့်

''ဘတ်ဟျွန်း ပြီးရင် နွားနို့ သောက်မလား''

''တော်လိုက်တော့ မင်း ငြိမ်သွားတာ ၃စက္ကန့်ပဲ ရှိသေးတယ်''

''ဘတ်ဟျွန်းနီး''

ဘတ်ဟျွန်းနီးလို့ ခေါ်ပြီး
ပါးချိုင့်ခွက်နေအောင် ပြုံးပြီး စိုက်ကြည့်နေသည့် ချန်းယောလ်

အရင်ဘဝက ပြိုင်ဘက်က အခု ငါ့ကို flirt နေတယ် (complete)Where stories live. Discover now