7 (final)

549 61 1
                                    

unicode

''ချန်းယောလ် မင်း IG accက မင်းဟာလား
ငါ့ဟာလားတောင် မသဲကွဲတော့ဘူး
မင်းပုံ မင်း မတင်တော့ဘူးလား''

''လူတိုင်း ကိုယ့်ကိုယ်ကိုထက် ကိုယ်ချစ်တဲ့သူကို ပိုပြီးဦးစားပေးကြတာပဲလေ''

သကောင့်သားက ကုတင်ပေါ်မှာ အကျအနလှဲနေရင်း ပြန်ဖြေသည်
ဒီကုတင်ကလည်း သူ့ကုတင်လား
ချန်းယောလ်ကုတင်လား မသဲကွဲတော့

''မင်းကို ဘယ်သူကဦးစားပေးခိုင်းလို့လဲ''

''ဒါဆို  ငါချစ်တာ မင်းဆိုတာတော့  သိတယ်ပေါ့''

ချန်းယောလ်ရဲ့ flirtတဲ့ skillတွေက ပိုဆိုးလာတယ်
သူ့ဆီက အဖြေမတောင်းတာသာရှိတာ
ကြားကောင်းအောင် ငြင်းမှာစိုးလို့ဘာညာနဲ့လျှောက်ပြောထားတာ
တကယ်က ... ငြင်းမှာစိုးလို့ကြောက်နေတာ...
ရရင် ရသလို အသားသေးယူသည်

''ငြိမ်နေတယ်ဆိုတော့ ငါ ချစ်တာတော့
သိတဲ့သဘောပေါ့ ဟုတ်လား...''

ဘတ်ဟျွန်း ပြန်လည်းမဖြေသလို
ချန်းယောလ်ကိုလည်း လှည့်မကြည့်တော့

''ဟင်...ဘတ်ဟျွန်းနီး ကိုယ့်ကို ကြည့်ပါဦး..''

''ဘာ ကိုယ်လဲ ဘယ်က ကိုယ်လဲ''

''ဒီက ကိုယ်လေ ဘတ်ဟျွန်းနီးရဲ့ကိုကို''

''ခုချက်ချင်း ငါ့အခန်းထဲက ထွက်သွား''

...                          ...                             ...

''မင်းက ဒီနေ့ကြီးမှာ ဖွင့်ပြောမလို့ ဟုတ်လားးး''

''အေးလေ ဘာလို့ ဒီနေ့မှလဲ ''

ဂျုံအင်ပြောတာကို မင်ဆော့ကလည်း ဝင်ထောက်ခံသည်
သူတို့ ဒီကိစ္စဖျက်နိုင်သလောက် လိုက်ဖျက်ရမည်
တစ်နှစ်မှာ ရက်တွေအများကြီးရှိတဲ့အထဲကမှ
ခုလို ၁၁ ၁၁ single dayကြီးမှာ ရည်းစားစကားပြောမလို့တဲ့
မဆီလျော်မှုကြီး !

''ဘာလို့လဲ''

ချန်းယောလ်က ပြောသာပြောနေရသည် ဖင်တကြွကြွနဲ့
ဘတ်ဟျွန်းတစ်ယောက်ထဲ အပြင်သွားတာကို စိတ်မချနေဟန်အတိုင်းသား

''ဘာလို့ရမှာလဲ ဒီနေ့ singleနေ့ကြီးလေ
ငါတို့လို singleတွေ အတွက်နေ့လေ
ဒီလိုနေ့မှာ ရည်းစားစကားပြောစရာလား
ပြီးတော့ ငါတို့က မင်းတို့နှစ်ယောက်ရည်းစားတွေဖြစ်နေပြီလို့ မှတ်နေတာ ''

အရင်ဘဝက ပြိုင်ဘက်က အခု ငါ့ကို flirt နေတယ် (complete)Where stories live. Discover now