6

464 62 1
                                    

unicode

'' သားငယ်လေးရေ ချန်းယောလ် လာတယ်''

မားမားက အခန်းတံခါးခေါက်ပြီး လာပြောတာကြောင့်
ဘတ်ဟျွန်း အိမ်အောက်ကို ဆင်းလာခဲ့သည်

သူ ဒီလောက် အင်း မလုပ် အဲ မလုပ်တာတောင် ရောက်လာတဲ့ ချန်းယောလ်ပါ

မဖိတ်ဘဲ ရောက်လာတဲ့ ဧည့်သည်က
ဧည့်ခန်းမှာ အခန့်သား

စာအုပ်ကို လက်မှာ ကိုင်ထားလိုက်သေးသည်

ကျောပိုးအိတ်ကြီးပါတာကို မထည့်ဘဲ ဟန်ကတော့တစ်ခွဲသား

''သားတို့ စာကြည့်ကြမလို့လား ဒီနေ့မှ စာမေးပွဲ ပြီးသွားတာ မဟုတ်ဘူးလား''

ပြောရရင် မားမား နဲ့ ချန်းယောလ်အမေ နဲ့က တပူးတတွဲတွဲနှင့်
နှစ်အိမ့်တစ်အိမ်လို ဖြစ်နေပြီ
ဘတ်ဟျွန်းသာ ချန်းယောလ်ကို အိမ်ကို လာမလည်ခိုင်းတာ

''အန်တီရေ အမှန်ပြောရရင် ဒီနေ့တော့ သား စာမကြည့်ချင်သေးဘူး ဒါပေမဲ့လေ စာကို အကြောင်းပြပြီး လာမှ ဘတ်ဟျွန်းက လက်ခံမှာမလို့''

အပိုတွေ ပြောပြန်ပြီ

''​အခုရော ငါက လာခိုင်းလို့ လာတာလား
မင်းဘာမင်း ဇွတ် လာလည်နေတာမဟုတ်ဘူးလား''

ချန်းယောလ်က ဘာမှ ပြန်မပြော ပြုံးပြုံးကြီး

ဘယ်လိုပြောပြော မပြန်မယ့်အတူတူတော့ ဘတ်ဟျွန်း ဘာမှထူးပြီး ပြောမနေတော့

''လာ ..သွားမယ်''

ဘတ်ဟျွန်းခေါ်သည်နှင့် ချန်းယောလ် ချက်ချင်း ထ ရပ်ပြီး လိုက်ပြီးခဲ့သည်

''ဘတ်ဟျွန်း ငါ တကယ် မင်းရဲ့ အခန်းထဲကို လိုက်လို့ရလား ? ''

''အခုပဲ အခန်းဝရောက်နေပြီဟာကို အပိုတွေက ပြောပြန်ပြီ
ငါက မရဘူးလို့ပြောရင် မင်းက မဝင်တော့ဘူးလား''

ချန်းယောလ် ခေါင်းကို သုံးခါ ခါပြလိုက်သည်

ဘတ်ဟျွန်းကတော့ အဲ့ဒါဆို ဘာလို့ပြောနေလဲဆိုတဲ့
မျက်နှာပေးနဲ့ အခန်းထဲ အရင်ဝင်သွားလိုက်သည်

ချန်းယောလ် အခန်းထဲရောက်တာနဲ့  မထိုင်သေးဘဲ အခန်းကို လှည့်ပတ်ကြည့်နေ၏

အရင်ဘဝက ပြိုင်ဘက်က အခု ငါ့ကို flirt နေတယ် (complete)Where stories live. Discover now