2

485 65 1
                                    

UNICODE

ချန်းယောလ် လမ်းလျှောက်ရင်း ကျောချမ်းနေမိသည်
ဘတ်ဟျွန်းက သူ့နောက်က ပါလာတယ်လေ
ကျော်လည်း မတက်ဘဲ နောက်ကပဲ လျှောက်လာတဲ့ ဘတ်ဟျွန်းကို လှည့်ကြည့်မိတော့
ထပ်ပြီး ရုပ်တည်ကြီးနဲ့ စိုက်ကြည့်နေပြန်ပြီ

ငါ့ရဲ့ ပေါင်းသင်းဆက်ဆံရေးက ကောင်းပါတယ်
အရင်ကျောင်းမှာလည်း လူချစ်လူခင်ပေါတယ်လေ
ငါ့ရဲ့ မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ မျက်နှာလေးက ဘတ်ဟျွန်းအတွက်တော့ မဟုတ်ဘူးထင်တယ်

နေ့ခင်း ထမင်းစားချိန်တုန်းက
အတန်းထဲကလူ အကုန်လုံးနီးပါးနဲ့ ခင်သွားခဲ့သည်
ဘတ်ဟျွန်းရဲ့ bff ဂျုံအင်နဲ့ မင်ဆော့နဲ့ပါ ခင်သွားပြီး ခုကျောင်းဆင်း ဘောလုံးဝင်ကန်လိုက်သေးတယ်
ဘတ်ဟျွန်းကတော့ ''--- လမ်းထဲကို ပြောင်းလာတာလား''
မေးပြီးထဲက ဘာမှထပ်မပြောတော့ပါ
သူမေးသမျှကိုလည်း ပြန်မဖြေ

ထမင်းစားချိန်တုန်းကတော့
မင်ဆော့နဲ့ ဂျုံအင်က ခေါ်လို့
ဘတ်ဟျွန်းနဲ့ ထမင်းအတူတူ စားရသည်
ဘတ်ဟျွန်းက ထမင်းအတူတူ စားဖို့တော့မငြင်း
ဒါပေမဲ့ ဘာမှလည်း ဝင်မပြော
ပြီးတော့ မင်ဆော့ ဘယ်လောက်ခေါ်ခေါ် ဘောလုံးဝင်မကန်ဘဲ
သူတို့ ဘောလုံးကန်နေတာကို ထိုင်ကြည့်နေသေးသည်
မင်ဆော့နဲ့ ဂျုံအင်ကပါ မေးသည်
''ဘတ်ဟျွန်း နဲ့ မင်းနဲ့ အရင်က သိလားတဲ့ ''

ချန်းယောလ် အိမ်ရှေ့ရောက်တော့ မဝင်ခင် ရပ်ပြီး
နောက်က ဘတ်ဟျွန်းကို ကြည့်တော့
သူ့ကို ကျော်တက်ပြီး ဘေးအိမ်ကို ဝင်သွားသည်
ချန်းယောလ် လှိုက်ခနဲ ပျော်သွားပြီး အိမ်ထဲ ဝင်လိုက်သည်

''ပြန်ရောက်ပါပြီ''

''သား ပြန်လာပြီလား မားမား ပီဇာ ဝယ်ထားတယ်''

''ဟုတ်''

ဘတ်ဟျွန်း ထုံးစံအတိုင်း မားမားကို နမ်းလိုက်ပြီး TVကြည့်ရင်း ပီဇာထိုင်စားနေသည်

''သား သူငယ်ချင်းအသစ် ရတော့မယ်''

မားမား စကားကြောင့် ဘတ်ဟျွန်း စားနေရင်း ရပ်သွားသည်
မားမားကို သတိမထားမိဘဲ ဆက်ပြောသည်

အရင်ဘဝက ပြိုင်ဘက်က အခု ငါ့ကို flirt နေတယ် (complete)Where stories live. Discover now