extra 💌

545 73 2
                                    

unicode

ချန်းယောလ် ဘေးအိမ်ကို ပြတင်းပေါက်ကနေ ကြည့်နေမိသည်

ပုံမှန်ဆို အိမ်ဘေးချင်းကပ်နေတဲ့ ရွယ်တူနှစ်ယောက်က
သူငယ်ချင်းဖြစ်ရမှာမဟုတ်ဘူးလား

ဘေးအိမ်က ကောင်လေးကတော့ သူ့ကို အကြည့်စူးစူးနဲ့သာ တုံ့ပြန်သည်

''မေမေ ဟိုဘက်အိမ်ကို ဆန်မုန့် သွားပေးပြီးပြီလား''

''ပေးပြီးပြီ သားရော ကျောင်းတက်ရတာ အဆင်ပြေလား''

''ဟုတ် အဆင်ပြေတယ် သူငယ်ချင်းတွေလည်း အများကြီးရတယ် ဘေးအိမ်မှာ သားနဲ့ ရွယ်တူတစ်ယောက်ရှိတယ် သိလား''

''ဆန်မုန့်သွား​ပေးတုန်းက ​သိလိုက်တယ်
ကောင်းတာပေါ့
အိမ်နီးနားချင်း သူငယ်ချင်းရှိတာ''

''ဒါပေမဲ့ အဲ့ကောင်လေးက သားနဲ့ သူငယ်ချင်းမလုပ်ချင်ဘူးထင်တယ်
သား စကားသွားပြောတာကို အင်း အဲ လောက်ပဲ
ပြန်ပြောတယ်''

''သားရော မိန်းမရော တစ်ခါတစ်လေ
မင်းတို့နှစ်ယောက်က စကား​ပြောမတတ်ဘူးနော်

သား နဲ့ မိန်းမပြောတာကို ငြိမ်နားထောင်နေသော
ချန်းယောလ်အဖေက ဝင်ပြောသည်

''မိန်းမက တစ်ခါတစ်လေ စိတ်ထဲရှိတာနဲ့ သွေဖယ်ပြီး ပြောတတ်တယ် သားက စကားပြောမတတ်ဘူး''

ချန်းယောလ်အဖေက
ဟုတ်လို့လားဆိုတဲ့မျက်နှာဖြင့် ကြည့်နေတဲ့ သားအမိနှစ်ယောက်ကြောင့်
ဆက်မပြောဘဲ ရယ်လိုက်ရင်း

''အကြောင်းသိတဲ့သူတွေနဲ့ကတော့ ပြဿနာမရှိဘူးလေ
ဒါပေမဲ့ အခုက နေရာအသစ်ဆိုတော့ သတိထားပေါ့
အထူးသဖြင့် ချန်းယောလ်
မင်း မျက်မှောင်ကုတ်ပြီး စူပုတ်ပုတ်နဲ့ ကြည့်တဲ့ အကြည့်နဲ့
နှုတ်ခမ်းတစ်ဖက်ထဲ ပြုံးတဲ့အပြုံးကို
တချို့ကျ တစ်မျိုးတွေးနိုင်တယ်
ဒါပေမဲ့ မိုက်တာတော့ မိုက်တယ်ဟ ငါ့သားမလို့လားမသိဘူး''

''ပြောနေရင်း လိပ်ဖြစ်သွားပြန်ပြီ''

ပြန်ပြောလိုက်တဲ့အမေ့ကြောင့် ချန်းယောလ်တို့စကားဝိုင်းလေးသည် အဖေနဲ့အမေရဲ့ ရယ်သံနဲ့ အဆုံးသတ်သွားသည်

You've reached the end of published parts.

⏰ Last updated: Dec 25, 2021 ⏰

Add this story to your Library to get notified about new parts!

အရင်ဘဝက ပြိုင်ဘက်က အခု ငါ့ကို flirt နေတယ် (complete)Where stories live. Discover now