3

463 70 1
                                    

UNICODE

ချန်းယောလ် အိမ်ထဲကနေပြီး လမ်းပေါ်ကို ချောင်းနေသည်
ဘတ်ဟျွန်း သွားတာမြင်မှ
''သား ကျောင်းသွားတော့မယ်''
ဟင်းချက်နေသည့် အမေ့ကို အော်ပြောရင်း
ဘတ်ဟျွန်းနောက်ကို ပြေးလိုက်ခဲ့သည်။

ဘတ်ဟျွန်း လမ်းလျှောက်နေရင်း
နောက်က ပြေးလာတဲ့အသံ ကြားလို့ လှည့်ကြည့်မိတော့
ချန်းယောလ် ဖြစ်နေသည် ။

''ဘတ်ဟျွန်းရာ မင်း လမ်းလျှောက်တာ မြန်လိုက်တာ''

ဘာမှမပြောဘဲ ရပ်ကြည့်နေသည့် ဘတ်ဟျွန်းကြောင့်

''ကျောင်း အတူတူသွားကြမယ်လေ''

''ဘာလို့လဲ ?''

''ဟင် !''

''ဘာလို့လဲ ?''

ဘာလို့လဲတဲ့ !
ဒီအိမ်နီးချင်းလေးသည် တကယ်ကို
ကတ်တီးကတ်ဖဲ့နိုင် လွန်းလှပါသည် ။ ။

ခုလည်း ဆက်မသွားဘဲ သူ့ကို ရပ်ကြည့်နေသည် ။
မဖြေမချင်း သွားမယ့်ပုံမပေါ် ...

''အိမ်ချင်း ကပ်လျက်ပဲဟာ ရင်းရင်းနှီးနှီးနေကြမယ်လေ
  ငါ့ကို မခင်ချင်ဘူးလား? ''

ဘတ်ဟျွန်း ...ချန်းယောလ်ကို ကြည့်ရင်း စိတ်ရှုပ်မိသည် ။
အရင်ဘဝက ချန်းယောလ်က သူ့ကို မြင်တာနဲ့
မျက်နှာက တည်တင်းပြီး အကုန်လိုက်ပြိုင်နေတာကြောင့်
အခု အမြဲပြုံးရယ်ပြီး လိုက်ကပ်နေတဲ့ ချန်းယောလ်ကို မြင်ရတာနေသားမကျပါ ။

ပြီးတော့ အခု သူက ဘာလို့ လူကို လိုက်ကပ်နေရတာလဲ
အရင်ဘဝကလို နေပါလား...

အမှန်ပြောရရင် အခုဘဝမှာ ချန်းယောလ်ကို မတွေ့ပါစေနဲ့လို့ ဆုတောင်းနေခဲ့တယ်
ဒီဘဝမှာ ပျော်ရတာ ချန်းယောလ် မရှိလို့ပဲလို့ တွေးထားခဲ့တာ ...

အခု ချန်းယောလ်က ပေါ်လာတယ်
သူက အရင်ဘဝကို မမှတ်မိလို့ ပေါ့ပေါ့ပါးပါးဆက်ဆံပေမယ့်
ကိုယ်က မှတ်မိနေတယ်လေ...

ပြီးတော့ အမြဲ ပြုံးနေတဲ့ ချန်းယောလ်ကို မြင်နေကျမဟုတ်လို့လားမသိ  စိတ်ရှုပ်စရာကောင်းတယ်
သူနဲ့ မပတ်သက်ဘဲ အေးအေးချမ်းချမ်းပဲ နေချင်တယ် ။

အရင်ဘဝက ပြိုင်ဘက်က အခု ငါ့ကို flirt နေတယ် (complete)Où les histoires vivent. Découvrez maintenant