5

434 60 0
                                    

Unicode

ဘတ်ဟျွန်း အရင်က စာမေးပွဲဆိုလျှင် ခေါင်းထဲ သိပ်မထည့်သော်လည်း ဒီတစ်ခေါက် စာမေးပွဲကိုတော့ အတန်းတွင်းစာမေးပွဲလေးဖြစ်ပေမယ့် အာရုံစိုက်ထားမိသည်

ချန်းယောလ်က ပြောင်းလဲသွားပြီဆိုပေမယ့် ဘတ်ဟျွန်းမှာ အရင်ဘဝကလို ပြိုင်ဆိုင်ချင်သည့်စိတ်အခံလေး ရှိနေသေးသည်

အရင်က သူ​တွေးထားခဲ့သည့် အမှတ်အများဆုံး မဖြစ်လည်း အဆင်ပြေတယ်ဆိုသည့် စကားကို ပြန်ရုတ်သိမ်းသည်
အမှတ်အများဆုံးသည် ချန်းယောလ်ဖြစ်နေရင်
အဆင်မပြေပါ

ဘတ်ဟျွန်း စာကြည့်ပြီးသွားတော့ ၁၂နာရီထိုးခါနီး
silent modeလုပ်ထားတဲ့ဖုန်းကို ပြန်ဖွင့်လိုက်တော့
ရဲရဲနီနေတဲ့ miss callတွေက ကြိုဆိုလို့

ဘတ်ဟျွန်းကြည့်နေရင်း ဖုန်းဝင်လာသောကြောင့် ကိုင်လိုက်သည်
ကြည့်ရတာ တစ်ချိန်လုံး ဆက်နေတာဖြစ်မည်

''ဘတ်ဟျွန်း ပြတင်းပေါက်ကို လာခဲ့ပါလား''

ဘတ်ဟျွန်းလည်း မေးစရာရှိသည်ဖြစ်လို့ နှစ်ခါစဥ်းစားမနေ
ပြတင်းပေါက်နားကို ချက်ချင်းလျှောက်လာခဲ့သည်

''ဟားးး တကယ်လာပေးတယ် ယုံတောင်မယုံနိုင်ဘူး''

သူ ပြောသည့်အတိုင်းလုပ်ပေးလို့ ချန်းယောလ်မျက်နှာမှာ
အံ့သြဟန်အတိုင်းသားနှင့်
ပျော်နေသည့်အသံက အတိုင်းသား

ဒါပေမဲ့ ဘတ်ဟျွန်း ဒါတွေ အာရုံမရသေး
အဓိက သိလိုသည်ကိုသာ မေးလိုက်သည်

''မင်း မအိပ်သေးဘဲ စာကြည့်နေတာလား''

''မကြည့်ပါဘူး...''

ဘတ်ဟျွန်း ဟက်ခနဲ ရယ်မိသည်
အပိုစကားတွေ အရင်ဘဝက ဘယ်လိုတွေကြိုးစားခဲ့တာဆိုတာ မသိတာကျလို့
ဘတ်ဟျွန်း ကြည့်လိုက်တိုင်း ချန်းယောလ်ရဲ့အခန်းမီးသည် ဘယ်တော့မှ ပိတ်သည်မရှိ
ချန်းယောလ် အိပ်မှ အိပ်မယ်ဆိုတဲ့ အတွေးနဲ့ စောင့်ခဲ့ပေမယ့်
နောက်ဆုံး ဘတ်ဟျွန်း အရှုံးပေးခဲ့ရတာချည်းပါပဲ
ဘယ်သူ့ကို လာလိမ်နေတာလဲ

''ဘတ်ဟျွန်း ငါ့ကို စိတ်ဆိုးနေတာလား''

''ငါက ဘာကိစ္စ စိတ်ဆိုးရမှာလဲ မင်း အမှန်တိုင်းပြောလေ''

အရင်ဘဝက ပြိုင်ဘက်က အခု ငါ့ကို flirt နေတယ် (complete)Where stories live. Discover now