no.4 need your answers

301 24 2
                                    

...Uni...
ဟုတ်တယ် သေချာနေတာတစ်ခုကတော့ မင်းဘေးမှာ မယိမ်းမယိုင်ပဲ ရှိနေချင်တယ်။
ဒါကြောင့် prince အကြောင်း ၊ အချစ်အကြောင်း အသဲအသန် ငါရူးပြခဲ့တယ်။ ဒါပေမယ့် မင်းသတိထားခဲ့မိရင် ငါရည်ရွယ်ခဲ့သမျှကိန်းဂဏန်းတွေက မင်းဆိုတာ သဘောပေါက်တန်ကောင်းပါရဲ့။

nineteen ten nineteen ninety seven လို့ပြောတိုင်း ငါမြင်နေခဲ့တာ prince မဟုတ်ခဲ့ဘူး။ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူး။

''ညှို့ နင်အကြိုက်ဆုံးနံပါတ်က ဘာလဲ''

''23 ငါ့မွေးရက် ၊ နင်ကော ဘယ် နံပါတ်ကိုကြိုက်လဲ''

''အင်း...ငါက 9 ကြိုက်တာ၊ ဒါမယ့် အမြဲတမ်း 5 ကပဲ lucky number ဖြစ်နေတာ''

လွယ်လွယ်နဲ့ပဲ ငါသိခဲ့တယ် ။ မင်းက ငါရဲ့ lucky charm လေး ။ ပေါင်းခြင်းရလဒ် '5' ရတဲ့ two plus three လေး ။

ဒီလိုနဲ့ပဲ မင်းနဲ့ငါ ပိုရင်းနှီးဖို့ ငါရည်ရွယ်ခဲ့လေရဲ့.... ငါ့ရဲ့ darkside ၊ brightside အကုန်ဖွင့်ချပြမိလေရဲ့ ......

တစ်နေ့မှာ မင်းငိုရင်း ငါ့ပခုံးစွန်းမှာ အိပ်ပျော်သွားလေတော့ ငါ.... ငေးမောနေခဲ့မိတယ်။
စိတ်ကောက်နေတဲ့ ချွန်စူစူနှုတ်ခမ်းလေး ၊ ရဲနေတဲ့ နီညိုရောင်ပါးတွေ ၊ စိုစွတ်နေတဲ့ မျက်တောင်တွေ ပြီးတော့ ညာမျက်ခုံးထောင့်က အမာရွတ်လေးအောက်မှာ ဘာရှိမလဲ တွေးမိတယ်။

ငါ့ရဲ့ ညာမျက်ခုံးထောင့်ကလို မှဲ့နက်လေးတစ်စက်များရှိမလားလို့ စူးစိုက်ရှာဖွေနေခဲ့တာ မင်းသိရင် နားရွက်တွေနီအောင် ရှက်နေမလား ဖြေပါ ။ အဖြေတစ်ခု ငါတောင်းခံတော့မယ်။

''Phoneပေး အမြန် ...'လင်းပိုင်' phone လို့ ''

အူကြောင်ကြောင်နဲ့ လှမ်းပေးလိုက်တဲ့ phone ကို အမြန်ဆွဲယူပြီး အလွတ်ရနေတဲ့ password ကို ဖြည်ကာ ငါ့phoneကို အပိုင်သိမ်းလိုက်တဲ့ မင်းက.....

''ချလပ် ချလပ်''

Silent မလုပ်ထားလို့ ထွက်ကျလာတဲ့ shatter အသံကြောင့် လှမ်းကြည့်လိုက်တဲ့ ထိုကောင်လေးကို မင်းမြင်တဲ့အခါ အမြန်အဆန်ပဲ ငါ့လက်ထဲကို phone အတင်းထိုးထည့်ပေးတဲ့ မင်းက နားရွက်တွေ နီနေခဲ့တယ်။

ငါ... စိတ်တိုပြီး '55555' password ကို တခြားနံပါတ် ပြောင်းပြစ်လိုက်တယ်။ ဒီတစ်ခါကော ဘယ်ကကောင်လေး လဲ.....

Always Belong To YouWhere stories live. Discover now