No.23 stupid you

285 17 0
                                    

...Uni...

"သိလား 'သက်ညှို့ ' ​ကွေး​အောင်လုပ်တဲ့ ဂါထာ မရှိဘူးတဲ့ "

"​အေ ကံတရား​ပေါ့ဟာ" တဲ့ မျက်ရည်​တွေထွက်​အောင် ရယ်​နေတဲ့ emoji တစ်ခုနဲ့ မို့ ငါ့မှာ ရယ်စရာစရာမဟုတ်ပဲ ပြုံး​နေမိ​သေးတယ် ။
ကံတရား ဆိုပြီး ငါ​စောင့်​နေတာပါပဲ မင်း စိတ်ခုန်လို ခုန်ငှား ။

အနီးနားသွားလို့မရတဲ့အခါ အ​ဝေး ​လေလှိုင်း​ပေါ်က​နေပဲ မင်းကိုငါ စိတ်ဒုက္ခ ​ပေးဖြစ်တယ်။ "လွမ်းတယ်" လို့ ။ ပြန်လာတဲ့စာက "ငါက stright ​နော် မ​မေ့နဲ့တဲ့" ။ ​တော်​တော်လူမှု​ရေး​ခေါင်းပါးတဲ့ မိန်းမ ၊ ငါထပ်ပြုံးမိ​လေရဲ့ ....။

"​စောင့်​နေ ... ငါပလာယာအကြီးကြီးတစ်ခုယူခဲ့ပြီး လာမယ် ​ရ​အောင်​ကွေးမယ် နင့်ကို "

ချက်ချင်း မီးစိမ်း​လေးက ​ပျောက်သွားပြီး တစ်ညလုံး စိတ်ဒုက္ခ​ပေး​တော့တာပါပဲ၊ကြက်ဥပုတ်​​လေးရေ မင်းကို ငါချစ်​နေတုန်းပဲ။မင်းမဟုတ်တဲ့ တခြားအမျိုးသမီးတစ်​ယောက်ဆိုရင်​တောင် ငါဒီ​လောက် တပ်မက်မိမယ် မထင်ဘူး။

"​ချောကလက် နဲ့ cheese ဘယ်ဟာကြိုက်လဲ"
"ဘယ်ဟာမှ မကြိုက်ဘူး"
"ထင်တယ် ကန့်လန့်​ပြောမယ်လို့"
"နင့်ကို စကားဘယ်လို​ပြောရမလဲ မသိ​တော့ဘူး ​​​ကောင်မစုတ်ကြီး​ရေ " တဲ့

မင်းက စကားမ​ပြောချင်တာ မဟုတ်ဘူး ၊ မ​ပြောတတ်တာ လို့ပဲ မှတ်ယူလိုက်​တော့ ​နေ​ပျော်စရာပဲ။စိတ်ထဲထပ်​ ​တွေးမိတာက မင်းကို စကား​ပြောတတ်​အောင် သင်​ပေးချင်​နေမိ​တယ်။
'နင့်ကိုလည်း ငါချစ်ပါတယ် 'ပိုင်' လို့​ပြောတတ်လို ​ပြောတတ်ငှား .... တစ်​နေ့​နေ့​ပေါ့

​ဗေဒင်​တွေ နက္ခတ်​တွေ မယုံတတ်ပါပဲနဲ့ share ​နေတဲ့ မင်းကို ငါအမြင်ကတ်​နေပြီ။ဘယ်က english songs ​က စာသား​တွေမသိ ယူတင်ပြီး share ​နေတာ​တွေ​ကော မြင်ရင် ငါ့မှာမ​ကျေမချမ်း ပဲ။

မင်း Cover photo ထားထားတဲ့ သီချင်း​စာသား
​မင်းကိုငါ အရင်ဖွင့်ပြခဲ့တာ ၊ မင်းကိုငါ ရည်ရွယ်ခဲ့တာပါ။ဒါကို မမှတ်မိ သတိမထားတတ်တဲ့ မယ်မင်းကြီးမ ဘယ်သူ့ကို ရည်ရွယ်ပြီး တင်ထားတယ်မသိ ၊ ငါ​နော် .... ဂါး !!

Always Belong To YouWhere stories live. Discover now