no.11 my easter egg

173 19 0
                                    

...Uni...
ဒီလိုနဲ့ပဲ မင်းကို ငါ ငါ့ရဲ့ ပေါက်ကရ နည်းလမ်းတွေနဲ့ ပိုးပန်းဖို့ ကြံရွယ်ပြစ်လိုက်တော့တယ်။

နံပါတ် တစ် ။ချစ်သူကို အလေးထားဂရုစိုက်ပါ တဲ့ ငါဖတ်မိတဲ့ ကြောင်တောင်တောင် အချစ်အကြံပေး page က နည်းလမ်း တစ်ခုပေါ့

"နေကောင်းလား ကျန်းမာလား သက်သာလား အခြေအနေဘယ်လိုလဲ ဘာစားppလဲ "

ohh! Shit? ငါမေးနေတာတွေက ကြောင်တောင်တောင်ကြီး ငါက ဆရာဝန်မှ မဟုတ်တာ ။ ဘာတွေကိုဘယ်လိုဂရုစိုက်ရမလဲ ... မသိအောင်ပါလား။

နံပါတ် နှစ်။ အကြည့်ချင်းဆုံပါ ဆိုလို့ အကြည့်တွေ မရမက ဆုံအောင်နေကြည့်တော့ မင်းကပြန်မေးတာ "ဘာလဲ" တဲ့။
မသိဘူးဟေ .... မသိဘူးဟ ။မင်းက 'ဘာလဲ' လို့ကန့်လန့်တိုက်တိုင်း ဗြောင်းဆန်နေတဲ့ငါ့စိတ်ကို လာကြည့်အုန်း ။

နံပါတ် သုံး။ သူ့နား အမြဲနေချင်ကြောင်းပြပါ။
''လင်းပိုင်' နင်အရှေ့မှာသွားထိုင်လေ ဒီမှာလေးယောက်တောင် ကြပ်တယ်''

''ဒါဆိုနင် ငါနဲ့အရှေ့မှာလိုက်ထိုင် ညှို့''

''သုံးယောက်ဆိုရင်ချောင်သွားပြီလေ နင်ပဲထိုင်လိုက် ငါတို့က အိမ်စာမလုပ်လာရသေးဘူး''
ဂါး....မယ်သက်ညှို့ မင်း ငါ့ကို အမျိုးမျိုးရှောင်နေလိုက်။

နံပါတ် လေး။ သဝန်တိုကြောင်းပြပါတဲ့ ......
''နဒီလှိုင်း' ညှို့ပေါင်ပေါ်မှာ မထိုင်နဲ့''
''လှိုင်း' သက်ညှို့ကိုပဲ ချွဲမနေနဲ့''
''လှိုင်း' သက်ညှို့နားပဲကပ်မနေနဲ့''
''ဟာ လှိုင်း...''
''လှိုင်း....!!''

''လင်းပိုင်... ဘာဖြစ်နေတာလဲ 'လှိုင်း' ကိုပဲ ပွစိပွစိနဲ့ နင်သူ့ကို ကြိုက်နေတာလား!?''
''ဘာလို့ ကြိုက်ရမှာလဲ ငါကစောက်ရူးလား !!!''

Holy Crap? ပြဿ နာပဲ ဘာကောင်းကျိုးမှမပေးတဲ့ RS လမ်းညွှန် ။
ငါက မင်းကိုကြိုက်နေတာဟ မင်းကိုကြိုက်နေတာ အူကြောင်ကြူးမလေးရဲ့ ။

နံပါတ် ငါး ။ မထိတထိ စပါ ။
Shit !? ဘယ်လိုစရမှာလဲ လက်တောင်ပေးမကိုင်တော့တာကို ဘာကိုဘယ်လို စရမှာလဲ ငါငိုချင်တယ်နော်။

နံပါတ် ခြောက်။ ကိုယ်သဘောကျနေကြောင်း အရိပ်အမြွက် ပြပါ။
'' နင် ငါ့ကို ဘယ်လောက်ထိ ဆိုးရမှ ကျေနပ်မှာလဲ သက်ညှို့ ..........''
သိလိုက်တော့ဆိုးခွင့်ပေးထားတယ်ဆိုကတည်းက ချစ်လို့ ချစ်လို့ဆိုတာ.....

Always Belong To YouWhere stories live. Discover now