no.15 beat down
168 17 1
...Uni...
''ငါ့စောင်ကို အတင်းမဆွဲနဲ့ အလင်းပိုင်''
''ငါ အေးတယ်လေ ဒီဘက်တိုး "လှိုင်း" နင် ဟိုဘက်တိုးဟာ... နင့်စောင်က ဟိုဘက်မှာကို ''
''အလင်းပိုင်.. နင်ဘယ်လိုဖြစ်နေတာလဲ ''
'' ဟုတယ်လေ သူ့စောင်က ဟိုဘက်မှာကြီးကို... လာ ငါ့ဘက်လှည့် သက်ညှို့''
ပေကပ်ကပ်နဲ့ ငါ့ဘက်ကို လုံးဝမလှည့်လာတဲ့မင်းက ငါ့ခံစားချက်တွေကို တကယ်မသိဟန်ဆောင်ထားတာပဲ။
'' လင်းပိုင်... စောင်မဆွဲနဲ့ ကိုယ့်စောင်ကိုယ်ခြုံလို့ ''
''ငါ့စောင်မရှိဘူး ခမ်း ယူထားတယ် ၊ လာ ငါ့နား ဖတ်အိပ်ကြမယ် ''
''ဟာ..လင်းပိုင်...ငါမနေတတ်...''
သူ့ကို ဆွဲမပြီး ကိုယ့်ဘက်လှည့်ကာ ရင်ခွင်ထဲ သိမ်းဖတ်ထားလို့ အလန့်တကြားဖြစ်သွားတဲ့မင်းက ငါ့ရဲ့ နှလုံးခုန်သံတွေကို ကြားကော ကြားပါရဲ့လား
''ငြိမ်ငြိမ်နေ.. အသက် ငါဘာမှမလုပ်ဘူး ဒီတိုင်း အေးလွန်းလို့ ''
''အေ ဟုတ်တယ် ငြိမ်ငြိမ်နေ ငါတို့နားညီးနေပြီ မဟုတ်ရင် 'လင်းပိုင်' အိပ်မှာ မဟုတ်ဘူး အိပ်တော့ ဟ''
နီရောင် ရဲ့ စကားကို 'ခမ်း' ကပါ ထောက်ခံကာ ...
''လင်းပိုင် က အဲ့လိုပဲ ဖတ်အိပ်တတ်တာ အိပ်တော့ နင်တို့က မူကြိုကလေးတွေလား မအိပ်နေတာက.. ''
''အဲ့လိုမှန်းသိ ငါ့အိမ်မှာ ငါအိပ်တယ်... ''
''အိပ်တော့ ငါအိပ်ချင်နေပြီ အသက် ''
ရင်ခွင်ထဲမှာရှိနေတဲ့ မင်းရဲ့ ခေါင်းလုံးလုံးလေးကို ငါ့မေးဖျားလေးနဲ့ ခေါက်ပြီး အပြစ်ပေးလိုက်တယ်။
''အိပ်တော့ ''
စိတ်ထဲမှာပြောနေတာကတော့...ငါမင်းကို ချစ်နေပါတယ် တဲ့
ဆယ်မိနစ်လောက်ကြာတဲ့ အခါ ကိုယ်စောင်းလှည့်ပြီး ငါ့ဆီက ရုန်းထွက်ဖို့ လုပ်တယ်။ ငါ အိပ်နေပြီ အထင်နဲ့...
ငါ့ကိုကျောပေးထားတဲ့မင်းကို ထပ်ပြီး ဆွဲထားဖို့ ငါ့မှာ အင်အားတွေ မရှိနေတာတော့ အမှန်ပဲ
မင်းကိုထပ်ဆွဲထားရင် မင်းစိတ်တိုပြီးအထင်လွဲမှာ ငါကြောက်နေတဲ့အခါ ငါဟာ အိပ်ချင်ဟန်ဆောင်ပြီး အလျော့ပေးလိုက်တယ်။ မင်းဆီကငါ လွတ်မြောက်ပါစေတော့ ......
အညိုရောင်စွန်းနေတဲ့လက်သည်းရှည်တွေက ငါ့ပခုံးကို ကုတ်ခြစ်ပြီး အပြာရောင် နှုတ်ခမ်းက အပြာရောင်သွေးတွေ အကြောင်း အိမ်မက်မက်လေရဲ့... ငါက အရူး ပဲ
...Zawgyi...
''ဟာ..လင်းပိုင်...ငါမနေတတ်...''
''အိပ်တော့ ''
Always Belong To YouDove le storie prendono vita. Scoprilo ora