no.9 talk to me

180 21 1
                                    

...Uni...
''ငါ မောင့်ကို တကယ်ချစ်တာ၊ အပိုင်ကို လိုချင်တာ ''

ထုံးစံအတိုင်း မင်း ဆိုင်ရှေ့မှာကောက်ရတဲ့ မောင်လေးတစ်ယောက်က တိုက်ဆိုင်စွာ မင်းနဲ့ မေဂျာတူတော့ အချစ်အကြောင်း ရူးနေတဲ့မင်းက ပိုပိုပြီး အလှပြင်လာခဲ့တယ်။

ပုံမှန်အတိုင်း အုတ်ခုံရှေ့မှာထိုင်စောင့်ငေးရတာကို မကျေနပ်တို့ ထိုမောင်လေးရဲ့ ဆိုင်ကယ်ဘေးကိုမှ မင်းဆိုင်ကယ်ကိုရွေးကပ်ရပ်ပြီး ဆိုင်ကယ်ကိုပါ အပိုင်လိုချင်နေတဲ့မင်းက တစ်ခါမှ မင်းဆီမှာ ငါမမြင်ဖူးတဲ့ က​လေးကလား ဆန်မှုမျိုးနဲ့ ငါ့ကို တဖြည်းဖြည်း သတ်နေခဲ့တာတယ်။

ဒီတစ်ခါတော့ မင်းက အရင်ကောင်လေးတွေထက် ထို 'မောင်' ဆိုတဲ့ တစ်ယောက်ကို ပိုနေခဲ့သည်လို့ ငါလက်မခံချင်ခဲ့တာတော့ အမှန်ပဲ ။

'' အပိုတွေ လုပ်မနေနဲ့ 'သက်ညှို့' ပြီးရင် နင်နောက်တစ်ယောက်ထပ်ကြိုက်အုန်းမှာပဲ ''

''ဟင့်အင်း...ဒီတစ်ခါတော့ အတည် ငါဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးဘူး၊ 'မြတ်သော်မောင်' ကိုတော့ မရအရ လိုချင်တာ''

တွေတွေလေးပဲ မင်းကိုငါ ပြုံးကြည့်မိနေတုန်းပဲ။
မင်း အချစ်တွေ ငါ့အတွက်ပဲ ဖြစ်လိုက်ပါတော့လား ငါ့ရဲ့အသက်ရေ...။ မကြာခင်မှာ မင်း ထပ်ပြီး နာကျင်ရတော့မယ်။
သိပ်လှတဲ့ထိုကောင်လေးမှာ ချစ်သူရှိပြီးသားဖြစ်လိမ့်မယ်လို့ မင်းရိပ်မိသားရက်နဲ့ မင်းက အထပ်ထပ်ရူးနေတာ။

''ကြည့် ... 'ပန်းတမန်' တဲ့ ငါ့မောင်ရဲ့ ချစ်သူ ချောတယ်နော်''

''ဟင့်အင်း... အလှကြီးထဲ မပါပါဘူး ပုံမှန်ပါပဲ ''

သိမ်ငယ်သလို လေသံမျိုးနဲ့ မင်းက ပြောတဲ့အခါ ဘယ်သူက ထိုကောင်မလေးက လှပါတယ်လို့ ပြောရက်မှာလဲ။
မင်းနဲ့ဆီလိုရေလိုကွာနေတဲ့ 'ပန်းတမန် ' ဆိုတဲ့ ကောင်မလေးက မင်းလောက် ချစ်ဖို့ မကောင်းပေမယ့် မင်းထက် ပိုပြီး ထက်မြတ်နေတာကတော့ ငါ ၀န်ခံရမှာပဲ​လေ။

''ဒီနေ့ မောင်က သူ့ကောင်မလေးနဲ့  ဆင်တူဝတ်လာတာ''

''မနေ့က မောင် fb မှာ ဆေးထိုးခံရတဲ့ပုံက ချစ်စရာလေး''

Always Belong To YouWhere stories live. Discover now