No.22 stupid me

206 17 1
                                    

...Uni...
"ညှို့"

"ညှို့"

"ညှို့"

reply သိပ်မပြန်တတ်တဲ့ မင်းကို လွမ်းလွန်းတဲ့အခါ မြည်တွန်​တောက်တီးပြီး message မှာ reply မပြန်မချင်း ခေါ်​နေမိတဲ့ အကျင့် ငါပြင်ဖို့မကြိုးစားမိဘူး

"ဟဲ့ ဒီကြားထဲ ချစ်သူ ရသွားရင်​ပြောပြ​ကြေး​နော်"

မင်းအ​ကြောင်း​တွေသိချင်​နေမိတဲ့ ငါကအမြဲလိုလို
မင်းအ​ကြောင်း​တွေသိရမှာကိုလည်း ​ကြောက်​နေမိတယ် ဆိုတာ သိမှ သိရဲ့လား 'မိသက်' ​ရေ

"ချစ်သူ ရသွားလဲ ဘာဖြစ်လဲကွာ" ဆိုပြီး စိတ်​တွေကို တင်းထား​ပေမယ့် ငါ့မှာလည်း အတည်တကျကြီး ဆိုတာမျိုးက 'သက်ညှို့' မင်း ကလွဲပြီး တခြားတစ်​ယောက်ကို မ​တွေးမိ​နေတာ ခက်တာပဲ။

မင်း ​ပြောဖူးပါတယ် ​ယောကျ်ား တစ်​ယောက်ကို ချစ်တိုင်း လက်မထပ်နိုင်ပါဘူးတဲ့ ။ ရှေ့​ရေးကို​တွေးပူတတ်လွန်းပြီး ဘယ်​လောက်ချစ်ချစ် တဲအိုပျက်မှာထမင်း​ရေပူ အတူမ​သောက် နိုင်တဲ့ မင်းက အားကိုးရမယ့် သူမျိုးကို ရှာ​နေတာလည်း မဟုတ်ပြန်ဘူး။မင်းက ဘာကိုရှာ​နေတာလဲ။ မင်းက ဘယ်လိုလူမျိုးလဲ

မင်းနဲ့ ပတ်သတ်ရင် ငါက​တော့ ဖြစ်တည်ရာအမြဲ ​ပျောက်​နေတဲ့ မိန်းမ ဖြစ်လိမ့်မယ်။
အခုလည်း ကြည့် .....
မင်းအတွက် ငါ့အတွက် ကြိုးစားမယ်ဆိုတဲ့ လမ်းက မင်းရဲ့ ရှေ့​ရောက်ရင် သဲထဲ​ရေသွန်။

'ဦး' ဆိုတဲ့ အမည်နာမကလွဲပြီး ငါမသိရတဲ့အ​ကြောင်း​တွေမှာ မင်း​ကြည်နူး​နေတတ်​တာ​တွေထက် မင်း ရဲ့ ဦးက မင်းလိုချင်တဲ့ ပုံစံနဲ့ အနီးဆက်ဆုံး ဖြစ်​နေတာမျိုးက ငါ့ကို ​ဒေါသထွက်​စေတယ်။

မင်းရဲ့ 'ဦး' ကို လွမ်းပြီးshare တဲ့ post ​တွေ
မင်း ကို ချစ်သူရ​စေချင်​နေတဲ့ သူငယ်ချင်းတစ်သိုက်က mention တဲ့ post ​တွေ
ငါ မဟုတ်တဲ့ သူငယ်ချင်း​တွေနဲ့ သိပ်ချစ်ကြတဲ့အ​ကြောင်း​တွေ မှာ​တောင် ငါဟာ ​ဆောက်တည်ရာ မရ ဖြစ်တည်ရာ မရှိ။

​​ကျောင်း​တွေပြီးလို့ ဘ၀​တွေကိုယ်စီ ကြိုးစား​နေရတဲ့အထဲမှာ အ​ဝေးကြီးထပ်​ဝေး သွားရတာ အဆိုးဆုံးပဲ။ အနီး​လေး ရှိ​နေ​ပေမယ့်​လို့​ တဖြည်းဖြည်း ​​ဝေး လာတယ်ဆိုတဲ့ အချက်က တစ်​နေ့မှာ မင်းကို ဖမ်းဆုတ်လို့ မရ​တော့တဲ့ အထိ ​ဝေးသွားမှာ စိုးတယ်။

Always Belong To YouWhere stories live. Discover now