Before The End

808 30 0
                                    

...Uni...
ဇာတ်သိမ်း​တွေကို ကြိုသိ​နေတဲ့ငါက မချစ်ဟန်​ဆောင်တတ်ခဲ့ရဲ့လား ငါမသိ၊မင်း​ပြောတဲ့စကားတိုင်းကို သိပ်ဂရုစိုက်မိ​နေခဲ့တာပဲ ငါသိတယ်။

ပြီးပြည့်စုံလွန်းတဲ့ အ၀န်းအ၀ိုင်းတစ်ခုလိုမျိုး မင်းကို ငါချစ်တယ် ဘယ်မှာစပြီးဘယ်မှာဆုံးလဲ မသိတဲ့ အ၀န်းအ၀ိုင်းတစ်ခုကို သံသရာလို့သတ်မှတ်ရင် မင်းကိုချစ်​နေရခြင်းက ငါ့ဘယ်လက်က ​သံကြိုး​တွေနဲ့တုတ်​နှောင်ထားတဲ့ ​ကျောက်စိမ်းအ၀ိုင်း​​လေးပဲ ဖြစ်လိမ့်မယ် ညှို့​ရေ

မင်းကို ​မွေး​နေ့မှာ ​ပေးဖို့ရည်ရွယ်ထားတဲ့ ထိုလက်ကြိုး၀ိုင်း​လေး ငါမ​ပေးဖြစ်ခဲ့တာ​တောင် မင်းကိုပဲချစ်ဖို့ရည်ရွယ်ပြီး ငါ့ကိုယ်ငါ မင်းနားမှာပဲ ချုပ်​နှောင်ထားခဲ့တယ် မင်းမသိတာကလွဲရင်​ပေါ့

Bonsai ပင်​လေးက မင်းကျန်းမာ​နေဖို့ရည်ရွယ်တယ်၊​သော့တွဲ​လေးက မင်းအနားမှာ အမြဲ ရှိ​နေဖို့ ရည်ရွယ်တယ် ပြီး​တော့... နှုတ်ခမ်းနီ​လေးက တစ်ခါ​လောက်​တော့ မင်းကိုနမ်းဖူးဖို့ ငါရည်ရွယ်တယ်။

အိမ်မက်​တိုင်းကို​တော့ ငါမက်မက်​မော​မောမက်ခဲ့တာပါပဲ တွေးကြည့်လို့ ​ပြေးကြည့်ချင်စရာလူသား​လေးကလဲ မင်းတစ်ယောက်တည်းဖြစ်​နေတုန်း​လေ။

ငိုစရာ​တွေရယ်စရာ​တွေကိုလည်း မျှ​ဝေယူချင်ပါရဲ့ ​။ပြောစမ်းပါအုန်း အဓိပ္ပါယ်မရှိတာ​တွေ မယုံချင်စရာအချစ်​တွေလို့ ။တကယ် မင်းနားကို ငါ
မလာရဲ​တော့တာပါ တရိရိဖြတ်​နေတဲ့ တိတ်ဆိတ်ခြင်း​တွေမှာ မ​ပျော်၀င်ရဲ​တော့တာပါ
ငါ့ရဲ့ အသံတိတ်အသဲခွဲစက်​လေးရယ်

ဒါမယ့်လည်း လွမ်းတယ်.... ဒီတစ်ခွန်းနဲ့ပဲ တစ်သက်စာ စိတ်ကူး​တွေယဥ်​နေမိတယ် ငါ့ကိုယုံ​တော့။

တစ်​နေ့​နေ့မှာ မင်းငါ့ကို ပြန်ချစ်လာပြီး ငါ့ကို အားကိုး​စေချင်တယ်။အဲ့​နေ့မှာ ငါလည်း မင်းလက်ကိုပဲတွဲဖို့ လက်ထပ်ပါရ​စေလို့ ခွင့်​တောင်းမယ်။
ဆင်တူ​ကျောက်စိမ်းအ၀ိုင်း​လေး​တွေကို ကိုယ်ဆီ၀တ်ထားပြီး ကတိသစ္စာပြုစရာမလို​အောင် တစ်​ယောက်ကိုယ်တစ်​ယောက် နားလည်ချစ်​ပေးကြသည်​ပေါ့ကွာ ငါတို့ပုံပြင်ရဲ့ အဆုံးသတ်​လေး​ပေါ့ ။

Always Belong To YouWhere stories live. Discover now