no.14 give you up

171 19 0
                                    

...Uni...
ခရီးမထွက်ခင် တစ်ရက်အလိုရဲ့ ညနေခင်းပေါ့...
ငါ့ရဲ့အတွေးထဲ မင်းကိုရင်ခွင်ထဲပဲ ဆွဲထည့်ထားပြီး နေချင်သလို ငါ့စိတ်တွေက အရင်လိုမဟုတ်လို့ မင်းရဲ့အဝေးမှာပဲ နေချင်နေတဲ့ ညနေခင်းကြောင့် ညဘက် ငါအိပ်ပျော်ပါ့မလား ပူပန်နေတုန်းပဲ ....

သူငယ်ချင်းတွေ အတူတူဈေးသွားပြီး ဟင်းတွေချက်နေခဲ့တာတောင် မင်းက မရောက်လာသေးဘူး။ ဟင်းချက်ရင်းနဲ့ ငါပြောလို့ မင်းကို ဖုန်းဆက်ပေးတဲ့ 'နီရောင်' ကိုတောင် ငါအားနာမိလေရဲ့
မင်း မရောက်လာမှာ စိုးရိမ်နေတယ်။

ဒီလိုနဲ့ နောက်ကျမှ ရောက်လာတဲ့မင်း က ပုံမှန်အတိုင်းပဲ ရွှင်မြူးစွာ ပြုံးပျော်စွာနဲ့ပဲမို့ ငါနေရခက်လာတယ်။

တကယ် မင်းက အဖြူ ထည်လေး ငါကသာ အရောင်ဆိုးချင်နေတဲ့ကောင်မို့ နံရံအစွန်းရဲ့ ထောင့်တစ်နေရာမှာပဲ ငါကပ်ထိုင်ရင်း အိပ်နေလိုက်တယ် မင်းနဲ့ပတ်သတ်ပြီး ငါရင်မခုန်ချင်ဘူး အသက်ရေ....

''လင်းပိုင် အစောကြီးပဲ အိပ်နေတယ်''

''အင်း မနက်အစောထရမှာမို့လို့ ငါအစောအိပ်တော့မလို့'
'
''ဒီဘက်တိုးအိပ်လေ အဲ့ဖက်က အေးမှာပေါ့''

''ရတယ် ငါက အအိပ်ကြမ်းလို့ ''

မလွယ်ဘူး... "နီရောင်"ကို ချေ ပနေရတာ ငါ့အတွက်မလွယ်ဘူး။မင်းက အရင်လိုပဲ အေးဆေးနေတာမျိုးကလည်း မလွယ်ဘူး ငါ့အတွက်တော့ ကူကယ်ရာမရှိတဲ့ ငရဲပဲ....

နောက်ဆုံးတော့ "ခမ်း" က ငါ့ဘေးမှာ လာအိပ်ပြီး မင်းကတော့ "ခမ်း" နဲ့ "လှိုင်း"ရဲ့ ကြား အိပ်ရာခင်းအိပ်တော့ အတင်း အိပ်ပျော်ဖို့ ကြိုးစားရတဲ့သူက ငါပေါ့ ။

"ခမ်း" ကိုငါ ဖက်လုံးလိုတွယ်ဖက်မိနေပေမယ့် ငါ့စိတ်ထဲ ရှိနေတာက ထပ်ပြီး မင်း ပဲ။ ထပ်ပြီး ထပ်ပြီး မင်းပဲဖြစ်နေတယ်။
ငါက ငါကိုယ်တိုင်ထင်ထားသလို မိန်းမတိုင်းကို ချစ်တတ်တာမျိုး မဖြစ်နေခဲ့ဘူး။
ဒီညက ငါထင်ထားတာထက် ပိုအေးစက်လွန်းတယ်.....

''သက်ညှို့... သက်ညှို့ လာ ငါ့နားတိုး..''

"လှိုင်း" ရဲ့ အသံတိုးတိုးက ငါ့နားထဲကို မရမကတိုးဝင်လာခဲ့တယ်။အိပ်ပျော်နေပြီးသား ငါ့မျက်လုံးတွေက ပြန်နိုးကြားလာပြီး ထပ်အိပ်မရအောင် မျက်လုံးကြောင်သွားတဲ့အထိ ငါ မနာလိုဖြစ်လာတဲ့နောက်

Always Belong To YouWhere stories live. Discover now