အခန်း - ၁၆

35.1K 3.2K 191
                                    

"မေမေ့ကို ပြောရဦးမယ်။ ညအိပ်ဆိုရင် လွှတ်မယ်မထင်ဘူးညို"

အိမ်ရှေ့မှာ ကားရပ်တော့ ဆိုင်မှာ ပန်းလာသယ်တဲ့ဧည့်သည်တွေကို ဦးစွာတွေ့လိုက်ရသည်။ ညိုကတော့ ကားပေါ်ကနေဆင်းလာပြီး လက်နှစ်ဖက်ကိုပိုက်လို့ ကြွကြွရွရွကလေးပဲ လမ်းကိုလျှောက်တယ်။ အဲ့လိုအချိန်ဆို ညို့ကိုပိုပြီးကြည့်မဝ။

"ပန်းတွေလာသယ်ကြတာပဲ။ ဒါဖြင့် ညို မဝင်တော့ဘူးကွယ်"

"မဟုတ်တာ။ သူတို့က ခဏပဲကို"

ဟန်မဆောင်နိုင်စွာဘဲ သူ့ကိုတားတော့ အဏ္ဏဝါတို့အိမ်ရှေ့ကိုလှမ်းကြည့်နေတဲ့ညိုက ဖြတ်ခနဲပြုံးသွားတယ်။ ညိုက နည်းနည်းရက်စက်တဲ့မိန်းမပါ။ သူ့ကိုချစ်နေတာကိုသိရင် သူကျေနပ်တတ်တယ်။ အဲ့လို။

"ဟိုမှာ ပြီးပြီ။ အိမ်ထဲဝင်မယ် လာ"

ဧည့်သည်တွေ ပြန်ထွက်သွားတော့မှ မေမေနဲ့ဖေဖေက အဏ္ဏဝါတို့ကို လှမ်းကြည့်ပြီး ရယ်ပြုံးနှုတ်ဆက်လာတယ်။

"ညိုကတော့ အဏ္ဏဝါ့ကိုပဲ ကြိုပို့လုပ်နေရတာ မပင်ပန်းဘူးလားမသိ"

အိမ်ထဲသို့ ရှေ့ဆင့်နောက်ဆင့်ဝင်ရင်း ဖေဖေက ထိုသို့ပြောသည်။ ညိုက နောက်ဆုံးမှဝင်သည်မို့ ညို့မျက်နှာ မည်သို့ဖြစ်သွားမည်ကို သူမ မသိ။

"ညို့မှာ အလုပ်မှမရှိတာ။ အဏ္ဏဝါ့ကိုပဲ ပေါက်ဖက်လေးလို တွယ်ကယ်နေရတာပေါ့"

ထိုင်ခုံတွေမှာ ကိုယ်စီဝင်ထိုင်ရင်းပဲ ညိုပြန်ပြောသည်။ မေမေကတော့ သူ့နဖူးက ချွေးစတွေကို ပုခုံးသားပေါ်ကအင်္ကျီစနဲ့ ထိတွေ့၍ သုတ်နေသည်။ အဏ္ဏဝါ ကျောပိုးအိတ်ကို အခန်းထဲအရင်ဝင်ထားပြီး အင်္ကျီနှင့်ထမိန်ကို ဦးစွာလဲရသည်။

"ညို တစ်ခုခုလုပ်ဖို့စိတ်ကူးရှိသလား။ ဦးလေးသိချင်ရုံပါ။ အဲ့သိချင်စိတ်က ရိုင်းပျသလိုရှိရင် တောင်းပန်ပါတယ်"

မေမေ့ဘေးမှာ မတ်တပ်ရပ်ရင်း ဖေဖေပြောသည်။ ညို့မျက်နှာမှာ စိတ်ဆိုးသွားဟန် စိတ်ရှုပ်သွားဟန် တစ်စက်လေးမှမရှိပေ။ အခန်းထဲက ပြန်ထွက်လာသည့် အဏ္ဏဝါ့ကို တစ်ချက်လှမ်းကြည့်သည်။

ညိုWhere stories live. Discover now