အခန်း - ၃၂

32.8K 3.1K 819
                                    

တစ်ရက်ပြီးတစ်ရက် ကုန်လွန်ပြီးသည့်နောက် စာမေးပွဲဖြေရမည့်မနက်ခင်းသို့ရောက်ရှိလာသည်။ ကျောင်းရှေ့ရှိ အုတ်ခုံတန်းကြီး၌ထိုင်ကာ လွင့်ကိုစောင့်ရင်း သူမ ညိုနှင့်ဖုန်းပြောဖြစ်သည်။ အိမ်မှထွက်အလာ ဘုရားရှိခိုးခဲ့သည်။ အရှင်ဘုရားကယ်၍မရတာသိသော်ငြား စိတ်ကလေးအားရှိဖို့တော့ ညိုကယ်လို့ရပါသည်။

"ဆိုတော့ မြန်မာစာက အေးဆေးပဲမလားနော်။ ဘာရေးရမှန်းမသိရင် ညို့ကိုချစ်တဲ့အကြောင်းတွေရေးခဲ့ လိပ်ကလေး"

တစ်ဖက်မှညိုက အနည်းငယ်အလုပ်ရှုပ်နေသောအသံဖြစ်သော်လည်း သူမကို အေးအေးဆေးဆေး ကျီစယ်နေနိုင်သေးသည်။ ညိုပြောသည့် သူအမေ၏ဧည့်သည်များရောက်နေပြီထင်။ စကားပြောသံများကို ကြားနေရသည်။

"စာတွေအတွက်မပူပါနဲ့ ကျွန်မအကုန်သေချာကျက်ထားတယ်။ အင်္ဂလိပ်မေဂျာဆိုတော့ ကျက်စာတွေချည်းပဲလေ။ အေးဆေးပါ"

"အမလေးး ငါတို့တော့ အားပေးမယ့်ရည်းစားလည်းမရှိလို့ မနေ့ညကမှ ကုန်းရုန်းကျက်လာတာဟေး။ အောင်မှတ်ဖိုးရရင်ကို တော်ပြီ"

ဘေးနားသို့ရောက်လာသည့် လွင်နှင့်စိုင်းနောင်။ လွင်က သူမအပြောကို စနောက်ကာဆိုရင်း ဘေး၌ဝင်ထိုင်သည်။ စိုင်းနောင်လက်ထဲတွင် မိတ္ထူကူးထားသော စာရွက်များ ကြေမွနေသည်။

"ဟောာ လွင်ကလေးတို့ရောက်လာပြီလား။ သူတို့အတွက်လည်း ညိုက အားပေးပါတယ်လို့ ပြောပေးစမ်းပါကွယ်"

တစ်ဖက်မှညိုက ထိုသို့ပြောသည်။ လွင်က သူ့ကျောပိုးအိတ်ထဲက ရေဘူးကိုထုတ်ပြီးသောက်နေသည်။

"မပြောချင်ပါဘူး။ ကျွန်မကိုပဲအားပေး"

"သဝန်တိုတဲ့လိပ်ကလေးလုပ်မနေရဘူး။ ဒါဖြင့် ကျောင်းထဲဝင်တော့လေနော်။ ညိုလည်း ပန်းကန်တွေကူယူပေးရဦးမယ်မေမေ့ကို"

"ဟုတ်ကဲ့"

"ဖုန်းမချချင်တဲ့လေသံကြီးနဲ့။ ဒီရက်ထဲ ညိုလာလို့ရရင် လာခဲ့ပါ့မယ်။ အခုတော့ ဖုန်းချလိုက်ရအောင်။ အဏ္ဏဝါ့ရှေ့မှာ အထုပ်ကလေးတစ်ခု အခုပဲပြုတ်ကျလာတယ် တွေ့လား"

ညိုWhere stories live. Discover now