အခန်း - ၂၄

34.2K 3.2K 291
                                    

"ညို ကျွန်မပြန်ချင်ပြီ"

ကြွေပန်းကန်အထပ်လိုက်ကြီးကို သေချာကြည့်နေတဲ့ညို့အနားမှာ သူမပါ ထိုင်ချလိုက်ပြီး ညို့ကို ခပ်တိုးတိုးပြောရသည်။ မေမေတို့ကလည်း ကျယ်လွန်းတဲ့ဆိုင်ခင်းပေါ်က ပန်းကန်တွေ၊ ဖန်ခွက်တွေ မီးဖိုချောင်သုံးပစ္စည်းတွေကို သေချာကြည့်ရင်း လောကကြီးကိုမေ့နေကြပုံပေါ်သည်။ သူမနှင့် ကိုလွန်းခကတော့ ရေပေါ်ဆီများပင်။ ဘာပစ္စည်းမှလည်းမကြည့်တတ် ညို့အနား၌သာ နှစ်ယောက်လုံး တဝဲလည်လည်နေကြရသည်။

"ခဏလေးပါကွယ် ညိုမင်းအတွက် ဖန်ခွက်လေး ရှာကြည့်နေတာပါ"

ညို့အာရုံက သူ့လက်ထဲရောက်နေသည့် ဖန်ခွက်နှစ်ခွက်ထံ၌သာ ရှိသည်။ အဏ္ဏဝါ့ကိုပင်မကြည့်ဘဲ ထိုစကားကိုတုန့်ပြန်သည်။ သူမကတော့ ငိုက်မျဉ်းသည်လည်းမဟုတ်ဘဲ အခုလို ပွဲစျေးမှာ လူကြီးတွေသုံးသည့်ပစ္စည်းများကိုသာကြည့်နေရ၍ ငြီးငွေ့လာခြင်းသာ။

"အဏ္ဏဝါ မုန့်လက်ကောက်​ကြော်စားမလား ဟိုမှာ ဟိုဆိုင်ကနေ အစ်ကိုဝယ်ပေးမယ်"

သနပ်ခါးတုံးများထည့်ထားသည့် ကြွပ်ကြွပ်အိတ်များအား သူ့ခြေထောက်ဘေး၌ ပတ်လည်ချထားသည့် ကိုလွန်းခက အဏ္ဏဝါ့ကို လှမ်းမေးလာသည်။ ပေါင်းကြည့်မှ အကြောင်းသိလာသလိုပင်။ ကိုလွန်းခက အလွန်တည်ကြည်ဖော်ရွေသည်။ ညို့အပေါ်၌သာ မေတ္တာမရှိနေလျှင် သူမ ကိုလွန်းခကို အစ်ကိုတစ်ယောက်ကဲ့သို့ ချစ်ခင်မိမည်မှာအမှန်။

"စားမယ် အစ်ကို့အတွက်ပါဝယ်လိုက်လေ။ အဏ္ဏဝါပိုက်ဆံပေးမယ်"

ညို့အနားက ဆွေ့ခနဲထပြီး ကိုလွန်းခဆီသွားလိုက်သည်။ ညို့ကို တစ်ချက်ပြန်လှည့်ကြည့်တော့ သူမကို လှမ်းကြည့်ပြီး မျက်စောင်းတစ်ချက်ထိုးကာ ပြန်လှည့်သွားသည်။

အိပ်ပျော်နေသည့် ၂နှစ်သားအရွယ်ကလေးလေး၏အောက်၌ ပုဆိုးအစုတ်တစ်ထည်ကိုခင်းထားသည်။ ထိုအရှေ့၌တော့ ဗန်းသေးသေးလေးကိုချ၍ မုန့်လက်ကောက်များ တန်းစီတင်ထားသည်။ ကလေး၏မိခင်ဟုထင်ရသူကတော့ ကလေးဘေး၌ ဒူးတုပ်ထိုင်ကာ ငိုက်မျဉ်းနေဟန်ရှိသည်။ မိုးပင်ချုပ်ခါနီးသော်လည်း ကြည့်ရတာ အရင်းမကြေသေးဘူးထင်။ အခုထိ ပေတေနေနေသည့် မုန့်လက်ကောက်သည်သားအမိကိုကြည့်၍ သနားစိတ်ဝင်သွားရသည်။

ညိုWhere stories live. Discover now