အခန်း - ၄၉ (ဇာတ်သိမ်းခန်း)

52.1K 3.2K 663
                                    

စာအုပ်မှာရော wattpadမှာပါ ဟန်မထည့်ပေးထားတဲ့ ညို unseen partကိုဝယ်ဖတ်ချင်ရင် ဟန့်ရဲ့ fb acc messengerကို လာမေးလို့ရပါတယ်။ acc name က Hannပါပဲ။ Bioမှာ Celestia94 🌻 လို့ရေးထားပါတယ်။
...

၂၀၁၇ခုနှစ်၊ မေလ ၁၉ရက်

ညက တစ်ညလုံး ညောင်းကိုက်နေခဲ့သော ကိုယ်လက်များကြောင့် မနက်စောစော၌ပင် ဒေါ်ခင်ညို နိုးလာသည်။ ဆေးလေးဘာလေးလိမ်းဖို့ စိတ်ကူးလိုက်သည်။ အချိန်ကိုကြည့်ရာ မနက်ငါးနာရီခွဲသာရှိသေးသဖြင့် သမီးဖြစ်သူမှာ မနိုးလောက်သေး။ မျက်နှာသစ် ကိုယ်လက်ဆေးကြောပြီး ဘုရားရှိခိုးဖို့ သူမ ထသည်။

"အမေ နိုးပြီလား။ စောပါသေးတယ် ပြန်အိပ်ဦးမလား"

အခန်းအပြင်သို့အရောက် ဧည့်ခန်းဘက်မှလျှောက်လာသည့် အဏ္ဏဝါ့ထံမှအသံကို ဦးစွာကြားလိုက်ရသည်။ သူ့ထံမှ အမေဟုခေါ်သံကိုကြားလျှင် ရင်ထဲ၌ အမျိုးအမည်မသိသော လှိုင်းများ ဖြတ်သွားသကဲ့သို့ ခံစားနေရသည်။ ကလေးမလေးက အတော်ခေါင်းမာသည့်ပုံပေါ်သည်။

"နင်အစောကြီး ဘာထလုပ်နေတာလဲကလေးမ"

"ကျွန်မ နိုးနေကျအချိန်မို့လို့ပါ။ ဘုရားဝတ်တက်လေ့ရှိတယ်ထင်လို့ ဘုရားစင်သန့်ရှင်းရေးလုပ်ပြီး၊ ဆွမ်း ရေချမ်း ဆီမီး ပူဇော်ထားပေးတယ်နော်။ အခု မျက်နှာသစ်မလို့ဆိုရင် ပြီးတာနဲ့ ခြေလက်တွေကို ရေတဘက်တိုက်ပေးဖို့ ကျွန်မပြင်ထားလိုက်မယ်"

ဆက်တိုက်ပြောနေသည့် သူ့ကြောင့် ခင်ညိုပင် အံ့ဩရသည်။ ထိုကလေးမ အင်မတန်မှစကားနည်းသည့်မိန်းကလေးမဟုတ်ပါလား။

"ဘာလို့ဒီလိုတွေလုပ်နေတာလဲ။ ငါ့ကိုသက်သက် နေရခက်အောင်"

ခင်ညိုပြောတော့လည်း သူ၏ မအုံ့မနွေး မရယ်မပြုံးမျက်နှာဖြင့်ပင် ငေးမောကြည့်နေသည်။ ခဏအကြာမှ သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချရင်းပြောလာသည်။

"ကျွန်မ အမေ့စိတ်ကို အေးချမ်းစေချင်တာပါ။ ကျွန်မကြောင့် သောကများနေရတယ်ထင်လို့ ကျွန်မဘက်က မေတ္တာတရားနဲ့ အမေ့ကို တောင်းပန်ချင်တာပါ"

သူ့အပြောကို ဂရုမထားဟန်ဖြင့် ခင်ညို အိမ်အတွင်းဘက်သို့ ဝင်လာလိုက်သည်။ ထိုအခါ၌လည်း ကလေးမက အဝတ်တစ်ခုကိုယူ၍ ရေစွတ်ရန်အတွက် အနောက်သို့ ပါလာသည်။ မျက်နှာသစ်ပြီးနောက် သမီးဖြစ်သူ တယောညို၏အခန်းတံခါးအား အနည်းငယ်လှစ်ဟ၍ ကြည့်သည့်အခါ အပူအပင်ကင်းကင်းအိပ်ပျော်နေသည်ကိုမြင်ရသည်။ ညတစ်ရေးနိုး ငိုသံကြားလို့ ထကြည့်တဲ့အခါ အခန်းထဲ အတုန်တုန်အယင်ယင်နဲ့ကြိတ်ငိုနေခဲ့တဲ့ ညို။ ပွေ့ဖက်ပေးဖို့အားအင်မရှိခဲ့တဲ့ ဒီအမေကြောင့် ဘယ်လောက်တောင် ခက်ခဲခဲ့ရှာမလဲ။

ညိုWhere stories live. Discover now