အခန်း - ၄၄

22.5K 2.4K 253
                                    

"ငါးယောက်နော်"

"မစပါနဲ့ဆို ဒီကလေးမ!!"

အပြန်လမ်း၌ တစ်လမ်းလုံး ညို့ကို စနောက်ခဲ့ပြီးသည့်တိုင် ညို့အိမ်သို့ရောက်သည်အထိ အဏ္ဏဝါ အရှိန်မသတ်နိုင်သေး။ ညို့၏ ရှက်နေဟန်မှာ အတိုင်းသားပေါ်နေသည်။ အိမ်အတွင်းရှိ ခုံ၌ ဝင်ထိုင်ပြီး ညိုက လေပူများကို မှုတ်ထုတ်နေသေးသည်။ အဏ္ဏဝါသည် ညိုတို့အိမ်ထဲရှိ ရေအိုးထားရာနားသို့သွား၍ ရေတစ်ခွက်ခပ်ကာ ညို့ထံသို့ ကမ်းပေးသည့်အခါ ညို့မျက်နှာ၌ ပြုံးရိပ်ကလေးများသန်းသွားသည်။

"အငယ်ကို ရည်းစားတော်ရတာ ကောင်းသားနော်"

"ဘာကောင်းတာလဲ"

အိမ်နောက်ဖေးသို့ လှမ်းကြည့်ကာ အဏ္ဏဝါ ညို့ဘေးနား၌ ဝင်ထိုင်ရင်း ပြန်မေးလိုက်သည်။ မာယာနွယ့်ကို မတွေ့ပါ။

"ခိုင်းစားလို့ရတယ်လေ"

ညို့အပြော၌ သူမ စိတ်ဆိုးချင်ဟန်ဆောင်လိုက်သည့်အခါ ညိုက သူ့မျက်ခုံးလေးနှစ်ဖက်ကို ပင့်ပြသည်။ ထို့နောက် ရေကို မော့သောက်ပြီး နှုတ်ခမ်းဖျားကို လျှာဖြင့်သပ်သည်။

"ခိုင်းလည်းခိုင်းမယ် စားလည်းစားမယ်"

ထို့နောက် ခစ်ခနဲရယ်ချလိုက်သော ညို့အသံ။ ပြောရဲဆိုရဲဖြစ်လွန်းသော မိမိရည်းစားကို အဏ္ဏဝါလည်း မနိုင်သဖြင့် ခေါင်းကိုအောက်ငုံ့ကာ ပြုံးလိုက်ရသည်။

"မာယာ..."

ညိုလည်း မာယာနွယ့်ကိုမတွေ့သဖြင့် အသံကိုဆွဲဆွဲငင်ငင်ပြု၍ အော်ခေါ်ကြည့်နေသည်။ ညို့မျက်နှာကိုငေးကြည့်ရင်း သူမ ငြိမ်ငြိမ်လေးသာ ထိုင်နေမိသည်။ ညိုက ခြေနှစ်ဖက်လုံး ခုံပေါ်တင်ကာ၊ ဒူးနှစ်ဖက်လုံးထောင်ထားသည်။ ကျုံ့ကျုံ့ကလေးဖြစ်နေသည့် ညို့၏ခန္ဓာကိုယ်ကလေးမှာ သိမ်းကျုံးပွေ့ဖက်ထားချင်စရာကောင်းလှသည်။

"မာယာ...."

ထိုအသံတွင် ပုရိသတို့၏ သွေးကြောများကို တပွက်ပွက်ဆူလာစေသော ဓာတ်ကလေးရှိနေသည်။

"လာပြီ။ အရမ်းအော်နေတာပဲ"

ညို့အခန်းတံခါးအနောက်မှ ထွက်လာသည့် မာယာနွယ်။ ဂါဝန်ရှည်ဖြင့် အခြားအမျိုးသမီးတစ်ဦး ညို့အိမ်ထဲ၌ ရှိနေသည်ကို အဏ္ဏဝါမြင်နေရသည်။ လက်တစ်လုံးကြိုးကြောင့် မြင်နေရသည့် လက်မောင်းသားများမှာ ညိုနှင့်မတူ၊ အနည်းငယ်ဖြူလွှနေသည်။ အဏ္ဏဝါ အကြည့်ကိုလွှဲကာ ညို့မျက်နှာကိုကြည့်တော့ သူမကို ကြည့်နေသည့် ညို့မျက်ဝန်းများနှင့်ဆုံသည်။ တယောညိုနှင့် မာယာနွယ်။ ထိုမိန်းမနှစ်ဦးဖြင့် အိမ်ထဲ၌ အတူရှိနေရသည့် မိမိအဖြစ်ကို သနားသွားသည်။

ညိုWhere stories live. Discover now