အခန်း - ၃၉

22K 2.3K 160
                                    

တိတ်ဆိတ်နေသော အခန်းထဲ၌ မီးခြစ်ခြစ်သံ ထွက်ပေါ်လာသည်။ တယောညိုက ခုတင်ပေါ်တွင်ထိုင်နေသည့် အမျိုးသမီးကို တချက်လှည့်ကြည့်ပြီး ရယ်ပြုံးပြသည်။

"မမနွယ်လာတာ မြန်လိုက်တာ"

"မင်းပဲ အမြန်လိုက်လာခဲ့ဆို"

စစ်ကရက်ကို စွဲမြံနေအောင် တချက်ရှိုက်ဖွာပြီးနောက် မာယာနွယ်က ခပ်တိုးတိုးဆိုပါသည်။ ထို့နောက် ညို့၏အခန်းထဲသို့ မျက်ဝန်းများ ဝေ့ဝဲကြည့်သည်။

"အဏ္ဏဝါ"

ခုတင်ခေါင်းရင်းနံရံက ပန်းချီကိုမြင်တော့ မမနွယ်က ထိုသို့ရေရွတ်သည်။ ညိုသည် မာယာနွယ့်ကို အဏ္ဏဝါ့၏အမည်အား မပြောပြခဲ့ရသေးပါ။

"ငြိမ်သက်ပေမယ့် နစ်မိရင် တဆုံးပဲ။ ကဲ .. ပြောစမ်းပါ။ သူ့နာမည်က"

"အဏ္ဏဝါ"

ညိုပြောတော့ မာယာ့မျက်ခုံးများ ပင့်တက်သွားသည်။  ညဘက်ရောက်သည့်တိုင် နှုတ်ခမ်းနီ ဆွေးဆွေးကို မြေ့ခနဲဖြစ်အောင် ဆိုးထားသေးသည်။

"မြင်ဖူးလိုက်ရင် ဘယ်လိုခံစားရမလဲမသိဘူး"

ညို့အပြုံးလေးများ အနည်းငယ်အရောင်ဖျော့သွားပြီးနောက် မာယာနွယ်ကို သေချာစူးစိုက်ကြည့်လိုက်မိသည်။

"မနက်ဖြန် သွားတွေ့မှာ မမနွယ်။ သူ့မိဘတွေနဲ့လည်း ညိုက အရမ်းအဆင်ပြေနေပြီဆိုတော့ ဝင်ရထွက်ရတာ အရင်ကထက် ပိုလွယ်တယ်"

ညိုက ပြောပြီးသည့်နောက် ကက်ဆက်အနားကို ခပ်မြန်မြန်လျှောက်သည်။ ထဘီ၏ အောက်ခြေအနားစများ အချင်းချင်းရုန်းကန်နေသံကို အခန်းထဲတွင် အတိုင်းသားကြားနေရသည်။

"ဒီပန်းချီကို လှမ်းမှာတာ အဲ့ကောင်မလေးကြောင့်လား"

ညို လှည့််မကြည့်ဘဲ မမနွယ်၏မေးခွန်းအား ခေါင်းညိတ်ပြရင်း ဖြေလိုက်ပါသည်။ အခွေတစ်ခွေကို ကက်ဆက်ထဲထည့်ပြီးသည့်နောက် မှန်တင်ခုံ၌ သွားထိုင်ပြီး မမနွယ်ကို သေချာပြန်ကြည့်ရသည်။ တကယ်တော့ မမနွယ်ဟာ ညို့အတွက် နားခိုရာလေးတစ်ခု ဆိုတာထက် နည်းနည်းတော့ ပိုခဲ့သားပဲ။ ဒါကို ကိုယ့်ကိုကိုယ်လည်းမညာချင်ဘူး။ တပါးသူသိအောင်လည်း ထုတ်မပြချင်ပါဘူး။ ဒီလိုပဲ အချစ်နဲ့မေတ္တာကြားမှာ ခုန်ပေါက်နေတတ်တဲ့သွေးကြောလေးတွေ အများကြီးရှိသားကို။

ညိုWhere stories live. Discover now