မနေ့ကစိတ်ညစ်ညစ်နဲ့ မက္ဂျူတွေထပ်သောက်ထားတာကြောင့် မနက်ကိုတော်ရုံနဲ့မထနိုင်တော့၊ ခေါင်းတွေလည်းတအားကိုက်တာမို့ ထပ်အိပ်ဖို့သာတွေးရတော့သည်။
ဖြစ်နိုင်ရင်မနိုးသောအိပ်ခြင်းနဲ့တောင် အိပ်ချင်သည်အထိ သူစိတ်ညစ်နေသည်။ သူရှုပ်ခဲ့သောဇာတ်လမ်းတို့သည် ယွန်းဂီတို့သားအဖရဲ့ အသက်အန္တရာယ်နှင့်အများကြီးသက်ဆိုင်နေလေတော့ ဂျီမင်အတွက် ဒီအိမ်မှာနေရတာ ဘယ်လိုလိပ်ပြာမလုံတော့။
သူသိထားတဲ့ သတင်းတွေအကုန်ကိုလည်း မနေ့ကပဲ ပို့ပေးလိုက်ရသည်။ သူဘာလို့ဒီလိုတွေလုပ်နေရတာလဲဆိုတာတောင် မသိတော့။ စိတ်ညစ်ညစ်နဲ့ အဝေးတစ်နေရာကိုသာ ရှောင်ပြေးလိုက်ချင်တော့သည်။
' ဂျီမင်လေးရေ... '
'ဗျာ.. '
အခန်းဝမှလှမ်းခေါ်သော အဒေါ်ကြီးအသံကြောင့် သူ့ရဲ့အတွေးစတို့ပြတ်တောက်သွားတော့သည်။ အလျှင်အမြန်ထူးရင်း တံခါးဖွင့်တော့မှ ယွန်နီလေးကပါ သူ့အခန်းရှေ့စောင့်နေသည်။
' ဟာ.. ယွန်နီလေး၊ မနက်စာမစားသေးဘူးလား'
ကလေးနဲ့တန်းတူဖြစ်အောင် သူဒူးထောက်ချလိုက်ရင်း မေးလိုက်သည်။
' ဂျီမင်နီးကို လာခေါ်တာလေ၊ ဒီနေ့သားသားကိုလည်း လာမနှိုးလို့ '
' အာ... ၊ တောင်းပန်ပါတယ် ယွန်နီလေးရယ်၊ ဂျီမင်နီးကမနိုးဘူးဖြစ်သွားတယ် '
' Daddyကအောက်မှာစောင့်နေတယ်၊ သွားကြမယ်လေ '
' ဟုတ်ကဲ့ပါဗျာ '
အောက်ထပ်ကိုဆင်းလာကြတော့ ယွန်းဂီတစ်ေယာက္ မနက်စာစားနေရာမှ တစ်ချက်မော့ကြည့်လိုက်သည်။ စိတ်ထဲ၌လည်း သူဆုံးဖြတ်ချက်တစ်ခုကို အသေအချာချလိုက်သေးသည်။
' အကိုယွန်းဂီတောင် မနက်စာစားပြီးတော့မှာပဲ၊ ကျွန်တော်တော်တော်အိပ်ပျော်သွားတယ်၊ အားနာလိုက်တာ '
မျက်နှာလေးညိုးနေသော ဂျီမင်ကြောင့် ယွန်းဂီတစ်ယောက် စိတ်ပူသွားသည်။ သူ့ကိုဘာပြောနေမှန်းတောင် သေချာမသိတော့။ ဒီကောင်ငယ်လေးရဲ့ မျက်နှာညိုးနွမ်းနွမ်းလေးကိုပဲ သူငေးကြည့်နေမိသည်။