7

227 25 5
                                    


မထင်မှတ်ဘဲဖြစ်လာတဲ့ အကြောင်းတရားတွေကြောင့် မိဘတွေအမြင်မှာ ယွန်းဂီနဲ့ဆိုဟီးကချစ်သူတွေဖြစ်လာရတယ်။ အခုဆိုစေ့စပ်ဖို့အထိတောင်စီစဉ်နေကြပေမယ့် ဆိုဟီးတစ်ယောက်ကတော့ သူ့ချစ်သူနဲ့ချိန်းတွေ့မပျက်သလို၊ ယွန်းဂီကလည်းသူတို့နှစ်ယောက်အတွက် ကူညီနေရတုန်းပါပဲ။

ယူဂျောင်အွန်းဘက်ကတော့ ဘယ်လိုနေသလဲမသိပေမယ့် ယွန်းဂီကတော့ အတော်လေးစိတ်ပူနေရတာအမှန်ပါ။ တကယ်လို့များ သူတို့စီစဉ်ထားတဲ့အတိုင်းသာဖြစ်မလာခဲ့ရင် သုံးယောက်လုံးထိခိုက်နစ်နာစရာတွေချည်းမဟုတ်လား။

ဒီကိစ္စကြီးပြီးသွားရင် သူ့အနေနဲ့လည်း ကြံရာပါတစ်ယောက်ဖြစ်တာမို့ နှစ်ဖက္မိဘတွေကစိတ်ဆိုးကြမှာ ကျိန်းသေပေါက်ဖြစ်သည်။ ဒါကြောင့် သူနိုင်ငံခြားမှာကျောင်းဆက်တက်ဖို့အထိကို ပြင်ဆင်ထားသည်။ ဒီမှာဆက်နေလည်း မျက်နှာပူနေရမယ့်အတူတူ အကျိုးရှိတာတစ်ခုခုလုပ်ရင်း နိုင်ငံခြားထွက်တာက သူ့အတွက်အကောင်းဆုံးဟု ဆုံးဖြတ်ထားသည်။

ဒါပေမယ့် အဖြစ်အပျက်တွေဟာ သူတို့ကြိုတင်တွေးထားသလို ဖြစ်မလာခဲ့ဘူး။ ခိုးပြေးမယ့်နေ့မှာ ယူဂျောင်အွန်းကရောက္မလာခဲ့ဘူး။ ယွန်းဂီလည်း တငိုငို တရယ်ရယ်ဖြစ်နေတဲ့ ဆိုဟီးကိုချော့နေပေမယ့် ကိုယ်ကိုယ်တိုင်လည်း ဘာလုပ်လို့လုပ်ရမှန်းမသိလောက်အောင်ဖြစ်နေသည်။

ဒီကိစ္စပြီးတဲ့နောက်ပိုင်းမှာ ယူဂျောင်အွန်းကို ဘယ်လိုမှအစရှာမရခဲ့။ အဆိုးဆုံးကတော့ ဆိုဟီးတစ်ယောက် လုံးဝအိပ်ရာပေါ်လဲသွားခြင်းပင်ဖြစ်သည်။ ယွန်းဂီကတော့ သူငယ်ချင်းအတွက် ‌ယူဂျောင်အွန်းကိုလိုက်ရှာခဲ့ပေမယ်လို့ နောက်ဆုံးကြားလိုက်ရတဲ့သတင်းကတော့ နိုင်ငံခြားထွက်သွားပြီဆိုတာပါပဲ။

ပြန်ဖြည်လို့မရတော့တဲ့ အလိမ်အညာတွေကြားမှာပဲ သူနဲ့ဆိုဟီးတို့ဟာ လက်ထပ်ခဲ့ကြရတယ်။ တစ်နှစ်လောက်အကြာမှာတော့ မိဘတွေရဲ့တိုက်တွန်းမှုနဲ့ပဲ သူတို့နှစ်ယောက်Yoonnieလေးကို ယူခဲ့ကြတယ်။

Yonnieလေးကိုမွေးအပြီးမှာပဲ ဆိုဟီးကနှလုံးရှော့ခ်ဖြစ်ပြီး ရုတ်တရက်ဆိုသလို လူ့လောကကြီးကနေ ထွက်ခွာသွားခဲ့တယ်။ ဒီလိုနဲ့ပဲ သူနဲ့သားဟာ နှစ်ယောက်တစ်ဘဝလိုဖြစ်လာခဲ့တယ်။

[  YOUR LIE  ] Where stories live. Discover now