' အဲ့ဒီ့တော့ မင်းကိုမင်းလက်မခံနိုင်ဘူးပေါ့ '
' အဲ့လိုလဲ မဟုတ်ဘူးလေ၊ ကျွန်တော်ပြောတာက ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှမတွေးဘူးတော့ လန့်သွားရုံလောက်ပါပဲ '
' ဒါဆို မင်းကဘာလုပ်မှာလဲ '
' ဘာကိုလဲဗျ '
' ကောင်လေးနဲ့ ပတ်သတ်တဲ့ မင်းခံစားချက်တွေကိုပေါ့ '
' ကျွန်တော်မသိဘူး '
' ဒီတိုင်းပဲ ဟန်ဆောင်ထားမယ်ပေါ့၊ ငါသိပါတယ်၊ မင်းဒါကိုလက်မခံနိုင်သေးဘူး '
' မဟုတ်ဘူး ... '
' ယွန်းဂီ... ငါနားလည်ပါတယ် မင်းရဲ့ခံစားချက်တွေကို မင်းကိုယ်တိုင်လည်းကြောက်နေလိမ့်မယ်၊ ဒါကြောင့် မင်းကိုယ်မင်း နားလည်အောင်လုပ်ရမယ် '
အစ်ကိုဆော့ဂျင်ရဲ့စကားကို သူပြန်မပြောမိ။ အခုသူ့ရင်ထဲမှာမွန်းကျပ်လို့နေသည်။ သူဒီနေ့ မူးအောင်သောက်မှအဆင်ပြေလိမ့်မည်။
↝↝↝↝↝↝↝↝↝
ညဆယ့်တစ်နာရီထိုးတာတောင် ပြန်မရောက်သေးတဲ့ အိမ်ရှင်ကြီးကြောင့် ဂျီမင်းအခုထက်ထိမအိပ်ရသေးပေ။ အခြေအနေသိရအောင်ဖုန်းဆက်ပြန်တော့လည်း ကိုင်မဲ့သူမရှိတာမို့ သူ့မှာအခက်တွေ့ရသည်။ အိမ်ရှေ့ဧည့်ခန်းတစ်ဝှိုက် ခေါက်တုန့်ခေါက်ပြန်လှမ်းလျှောက်ကာ အိပ်မပျော်အောင်မနည်းကြိုးစားနေရသည်။
ထိုစဉ်ခြံရှေ့မှာကားဟွန်းသံ ကြားတာကြောင့် သူအပြေးအလွှား တံခါးဖွင့်ပေးပြီး အိမ်ရှေ့ထွက်ကြည့်တော့ ခေါင်းမထောင်နိုင်သည်အထိမူးနေသော မင်ယွန်းဂီနှင့် တွဲခေါ်လာတဲ့ ခပ်ချောချော အစ်ကိုတစ်ယောက်။
' ဂျီမင်းထင်တယ်၊ ယွန်းဂီကိုကူတွဲပေးပါဦး '
' အော်၊ ဟုတ်ကဲ့ '
သူရယ် ထိုခပ်ချောချောအစ်ကိုရယ်နှစ်ယောက် မနည်းတွဲကာ အစ်ကိုယွန်းဂီကို အခန်းထဲလိုက်ပို့ရသည်။ ဒါတောင် အိပ်ရာပေါ်ရောက်ခါနီး အန်ချလိုက်သေးသည်။ ဂျီမင်တစ်ယောက် ကျေးဇူးရှင်ကြီးရဲ့ အန်ဖတ်တွေကြုံးရင်း အိပ်ရာပေါ်အန်မချတာကိုပဲ ကျေးဇူးတင်နေရသည်။