6

183 27 0
                                    

Jiminအခုရောက်နေတာက ထယ်ယောင်းရဲ့အိမ်မှာ။ အမှန်တော့ တစ်ဦးတည်းသော သူငယ်ချင်းလေးထယ်ယောင်းက အကောင်းအတိုင်းကြီးပင်။

' မင်းက ဘာဖြစ်လာတာလဲ၊ တမှိုင်မှိုင်တတွေတွေနဲ့ '

' ထယ်ယောင်း၊ မင်းကိုပြောစရာရှိတယ် '

' ပြောလေ '

' ငါလူတစ်ယောက်အပေါ် မကောင်းကြံမိနေပြီ။ ငါဆက်မလုပ်ချင်တော့ပေမယ့် ရပ်လိုက်လို့လည်း မရတော့ဘူး '

' ဂျီမင်း၊ ငါတို့က သူငယ်ချင်းတွေဆိုပေမယ့် မင်းရဲ့ဘဝကိုတော့ ဝင်မစွက်ဖက်ချင်ဘူး။ မင်းအတွက်မကောင်းဘူးဆိုတာ သေချာနေတဲ့အလုပ်ဆိုရင်တော့ ရပ်တန့်နိုင်မယ့် နည်းလမ်းက ရှိကိုရှိမှာ။ တစ်နေ့နေ့တော့ မင်းရှာတွေ့မှာပါ '

' အင်း၊ ငါလည်း အဲ့ဒီ့နည်းလမ်းကိုပဲ ရှာနေတာ '

ဂျီမင်း အခုတစ်လော တွေးပူနေရတာက ယွန်းဂီတို့သားအဖကြောင့်ပါ။ သူနေ့တိုင်း ယွန်းဂီရဲ့ အပြင်ထွက်တဲ့အချိန်တွေအပြင် အလုပ်အကြောင်းတွေကိုပါ စုံစမ်းပေးနေရသည်။ အခုလည်း သူရလာတဲ့ ဒေတာတစ်ချို့ကို ပေးရမလား၊ မပေးရမလားဆိုတာကို တွေဝေနေရသည်။ တကယ်တော့ သူ‌ဒီအလုပ်ကို လုံးဝဆက်မလုပ်ချင်တော့ဘူး။ ဘယ်လိုပဲ ပိုက်ဆံအလုံးအရင်းနဲ့ရနေပါစေ လူတစ်ဖက်သားကို ထိခိုက်မယ့်အလုပ်မလား။ ပြီးတော့ ယွန်းဂီတို့သားအဖဆိုတာက သူ့ရဲ့ကျေးဇူးရှင်ပင်။ နေစရာ၊စားစရာအပြင် နွေးထွေးတဲ့မေတ္တာပါပေးကြတဲ့ သားအဖလေးမလား။

' shit! စိတ်ရှုပ်လိုက်တာကွာ '

                    ✡✡✡✡✡✡✡✡

ယွန်းဂီ အိမ်ကြီးမှာတစ်ယောက်တည်းဖြစ်နေတာကြောင့် ပျင်းခြောက်ခြောက်နိုင်လှသည်။ သားဖြစ်သူကလည်း အဘွားတို့အိမ်သွားချင်ပါတယ်ဆိုတာကြောင့် ပို့ပေးလိုက်ရသည်။ ဂျီမင်းကလည်း သူငယ်ချင်းနေမကောင်းလို့ခွင့်ယူသွားပြီး အဒေါ်ကြီးတို့လင်မယားကလည်း ညနေရောက်မှ ထမင်းဟင်းလာချက်ပေးကြမည်ဖြစ်သည်။

စာရင်းဇယားတွေကြည့်ရင်း ခေါင်းနောက်လာတာကြောင့် ဝရန်တာဘက်ထွက်ကာ ဆေးလိပ်မီးညှိလိုက်သည်။ မိုးရွာကာပြီးကာစကြောင့်ထင်သည်။ လေတစ်ချက်တိုက်လိုက်တိုင်းမှာ အေးစိမ့်စိမ့်ခံစားချက်က ကျောရိုးထဲထိ စိမ့်ဝင်လာသည်။ ဘေးနားက စားပွဲခုံလေးပေါ်မှာ တင်ထားတဲ့ဖုန်းရဲ့မြည်သံကြောင့် တစ်ချက်ငဲ့ကြည့်လိုက်တော့ ဟိုဆော့ဖုန်းခေါ်နေခြင်းပင်။

[  YOUR LIE  ] Where stories live. Discover now