2

349 43 8
                                    

[Zawgyi]

Yoongiတစ်ယောက် ဒီမနက် အတော်ကိုအလုပ်ရှူပ်နေလေသည်။ ဒီနေ့က သားကို သူ့အဖွားဖြစ်သူဆီကို ပို့ပေးရမယ့်နေ့ဖြစ်တာကြောင့် လိုအပ်တဲ့ပစ္စည်းတွေကို ထည့်နေရခြင်းကြောင့်ပင်။ မေမေတို့ကလည်း ဒီနေ့ကျမှ အလုပ်ကိစ္စရှိနေသောကြောင့် သားကိုလာမခေါ်နိုင်ကြ။ ဒါကြောင့်သူကိုယ်တိုင် အစအဆုံးလုပ်ပေးနေရခြင်းပင်။ အရေးထဲ ဂဏာမငြိမ်သူYonလေးကြောင့် အဝတ်အစားလဲပေးရသည့်ကိစ္စတွင်ပင် တစ်နာရီလောက်အချိန်ယူနေရသည်။

* ဟူးးးး~~ မိဘဖြစ်ရတာက တကယ်ကိုမလွယ်ပါလား *

' daddyပြောတော့ ကျောင်းပိတ်ရက်ရောက်ရင် ပိုရိုရိုလေးဆီ လိုက်ပို့ပေးမယ်ဆို '

' အင်း... ဒါဆို သားကဟိုဘက်အိမ်ကိုမသွားတော့ဘူးပေါ့ '

' အဲ့လိုမဟုတ်ဘူးလေ။ သားသားက daddyမေ့သွားမှာဆိုးလို့ '

' ဟုတ်ပါပြီ အလည်လေးရယ်။ နောက်အပတ်ကျောင်းပိတ်ရင် လိုက်ပို့ပေးမယ်နော်။ အခုတော့ ကားပေါ်တက်တော့။ ဘွားဘွားတို့ဆီသွားကြမယ် '

သားကို မေမေတို့အိမ်ပို့ပြီးတာနဲ့ ကုမ္ပဏီသွားမယ်လို့ စဉ်းစားထားပေမယ့်လည်း သူတို့ဆီမလာရင် သူငယ်ချင်းအဖြစ်ကနေ သေခန်းပြတ်မယ်လို့ပြောလာသော လူကြီးလူကောင်းတွေကြောင့် ချိန်းဆိုထားသော စားသောက်ဆိုင်သို့သာ ဦးတည်လိုက်သည်။

ဆိုင်ရောက်တာနဲ့ ဆိုင်ဝန်ထမ်းလေး လိုက်ပြတဲ့VIPအခန်းကိုဝင်ဝင်ချင်းမှာပဲ ဂန္ဓဝင်ရယ်သံကြီးနဲ့ဆီးကြိုလိုက်တဲ့ Seokjin hyung။ မတွေ့တာအတော်ကြာနေပေမယ့်လည်း သူတို့ပုံစံတွေက တကယ်ကိုကျောင်းတုန်းကအတိုင်းပင်။

' ဟေ့ကောင်! အဝမှာပြုံးစိစိလုပ်မနေနဲ့။ ဝင်ခဲ့လေ! '

Seokjin hyungရဲ့ ပလုပ်ပလောင်းအော်သံကြီးကြားမှပဲ သူအခုထိ တံခါးနားမှာဘဲရှိနေမှန်းသတိရတော့သည်။ အရှက်ပြေ လည်ပင်းကို လက်ဖြင့်ပွတ်ရင်းသာ အခန်းထဲဝင်ရတော့သည်။

' Yoongi hyungတို့များ နေနိုင်လိုက်တာ။ ကျွန်တော်တို့ ဒီလောက်ခေါ်နေတာကိုမလာဘူး။ Seokjin hyungခြိမ်းခြောက်မှဘဲ လာတော့တယ်'

[  YOUR LIE  ] Where stories live. Discover now