[Unicode]
' daddyကိုမချစ်တော့ဘူး၊ သားသားအခု ဖွားဖွားတို့အိမ်မှာပဲနေတော့မယ် အီးဟီးး '
မျက်ရည်တွေကြားက သူ့ကိုမချစ်တော့ကြောင်းအော်ပြောနေတဲ့ကလေးကို ဘယ်လိုချော့ပေးရမှန်းမသိတော့ပါ။ ညကလည်း ဒေါသထွက်နေရတာကြောင့် တစ်စက်မှအိပ်မပျော်တာမို့ ပင်ပန်းတဲ့ဒဏ်ကို သူခံစားမိသည်။ အကောင်းဆုံးကတော့ သားလေးစိတ်သက်သာရာရပြီး မေ့မေ့ပျောက်ပျောက်ဖြစ်သွားအောင် မေမေတို့အိမ်ကို ခဏပို့ထားဖို့သာရှိတော့သည်။
' ဦးလေး ကျွန်တော်ယွန်နီလေးကို မေမေ့အိမ်သွားပို့လိုက်ဦးမယ် မပြန်သေးဘဲ အိမ်ခဏစောင့်ပေးထားပါနော် '
' ငါ့တူလေး ပင်ပန်းနေတာကိုကွယ် ဦးလေးသွားပို့ပေးလို့ရပါတယ် '
' နေပါစေ ဦးလေး၊ ကျွန်တော်အဆင်ပြေပါတယ် '
' ဘယ်ကသာပြေရမှာလဲ၊ ဒီလောက်မျက်နှာကဖြူဖျော့နေတာကို၊ မင်းဦးလေးပြောသလိုလုပ်လိုက်ပါ၊ အပေါ်တက်အနားယူလိုက် ဒီနေ့အဒေါ်တို့လည်းစောင့်ပေးမယ် သွားသွား အပေါ်တက်နားတော့ '
' ဒါဆို ဦးလေး ဂရုစိုက်ပြီးပို့ပေးလိုက်ပါနော်၊ သားလေး ဖွားဖွားအိမ်လိုက်သွားနော် '
' ဟွန့်! '
လိုက်ပို့မယ်သာပြောနေပေမယ့် တကယ်တမ်းစိတ်ကောလူပါပင်ပန်းနေတာဖြစ်သည်။ ရိပ်မိနေပုံပေါ်တဲ့ အဒေါ်တို့လင်မယားဟာလည်း အလိုက်တသိ သူ့ကိုနားခိုင်းတာကြောင့် ရေချိုးပြီး အိပ်ပစ်လိုက်ဖို့ အပေါ်ထပ်ကိုတက်လာခဲ့သည်။ သူ့အခန်းရှေ့အရောက် မျက်နှာချင်းဆိုင်ကအခန်းလေးဆီ အကြည့်ရောက္မိတော့...
' ကိုယ့်အပေါ်ဘာလို့များ ဒီလိုလုပ်ရက်ရတာလဲ '
သူတကယ်ကိုနားမလည်နိုင်ပါ။ ပတ်ဂျီမင်းဆိုတဲ့ကောင်လေးကို ဒီလိုလူမျိုးလို့လည်း အခုထိလက်မခံနိုင်သေးပဲရှိသည်။ ညကတော့ ဒေါသကြောင့် ထိုးလိုက်မိပေမယ့် သူရည်ရွယ်တာဒီလိုအခြေအနေမှမဟုတ်ဘဲ။ တကယ်တမ်းဆို အကျိုးအကြောင်းသေချာမေးသင့်ပေမယ့်လည်း အခုတော့ အားလုံးနောက်ကျနှင့်ပြီဖြစ်သည်။
![](https://img.wattpad.com/cover/196031516-288-k763259.jpg)