3

256 36 2
                                    

[Unicode]

Jiminတစ်ယောက် အခုတလော သာယာနေသည်ဟု ဆိုရမည်။ Yonလေးကို ထိန်းရသည်မှာလည်း အဆင်ပြေသလို၊ ဒီအိမ်ကလူတွေကလည်း အရမ်းကိုသဘောကောင်းကြသည်။ လစာကလည်း အလုံအလောက်ရမည်ဖြစ်တာကြောင့် အူမြူးနေလေသည်။ လတ်တလောတွင်လည်း ရထားသည်လေးက ရှိနေသေးတာကြောင့် သုံးချင်ဖြုံးချင်စိတ်ကလည်း တရွရွပင်။

' ပျင်းလိုက်တာ၊ ဘယ်သွားရင်ကောင်းမလဲ '

အချိန်အနေနဲ့ နေ့ခင်းဘက်ပင်ရှိနေပြီ ဖြစ်တာကြောင့် အိမ်မှာjiminတစ်ယောက်တည်းပင်။ အဒေါ်ကြီးတို့လင်မယားကလည်း နေ့ခင်းဘက်ခဏနားကြပြီး ညနေဘက်လောက်ကျမှ ညနေစာချက်ရန်ပြန်လာကြသည်ကို။

' ထယ်ထယ့်ဆီ သွားရင်ကောင်းမလား '

ရုတ်တရက် သူငယ်ချင်းဖြစ်သူကို သတိရမိတာကြောင့် သူဆီသွားလည်မည်ဟု ဆုံးဖြတ်လိုက်ရင်း အပြင်သွားရန် ပြင်ဆင်နေလိုက်သည်။

အင်္ကျီဝတ်ဖို့ အပေါက်ရှာနေတုန်း ရုတ်တရက် ဖုန်းထမြည်လာတာကြောင့် လူကလန့်ဖြန့်သွားသည်။

' ဘယ်ကျက်သတုံးက ဒီအချိန်ကြီးဖုန်းလာခေါ်တာလဲဟ '

' ဟင်၊ Yoongi hyungဟ၊ အမလေး ငါတော့ မိုးကြိုးတွေအပစ်ခံရတော့မှာပဲ၊ ကန်တော့၊ ကန်တော့ '

' ဟယ်.. ဟယ်လို '

' Jimin၊ Hyungကို တစ်ခုလောက် ကူညီနိုင်မလား၊ ကိုယ့်အခန်းထဲမှာ ဖိုင်အိတ်တစ်ခုကျန်ခဲ့လို့ အဲ့တာလေး ကုမ္မဏီကို ယူလာပေးခိုင်းမလို့လေ '

' ရပါတယ်၊ Hyungရဲ့၊ ကုမ္မဏီရှေ့ကိုလာပေးလိုက်မယ်လေ '

' အင်း၊ jimin၊ ကိုယ်နေ့လည်စာလိုက်ဝယ်ကျွေးပါ့မယ် '

' ရပါတယ်ဗျာ၊ ဒါဆို ကျွန်တော်ရောက်ခါနီးရင်ဖုန်းဆက်လိုက်မယ်လေ '

' အင်း၊ ကောင်းပြီ၊ ကိုယ်စောင့်နေမယ် '

' အပြင်သွားပါမယ်ဆိုမှ အလုပ်ကိစ္စတွေကပေါ်လာတယ်၊ ဒါလည်းကောင်းတာပဲ၊ Hyungအကြောင်းတွေ ပိုသိရတာပေါ့ '

__________________________________

' Hyung~~~ '

ကုမ္မဏီဝင်ပေါက်ရဲ့ ဘေးဘက်နားမှာ စောင့်နေတဲ့ သူ့ကိုမတွေ့တာကြောင့် ပတ်ပတ်လည်ကို မျက်စိအလုပ်ပေးကာရှာနေတုန်း ထွက်လာတဲ့ အသံသေးသေးလေး။ ဒီဖိုင်လေးလာပေးရတာကိုလည်း ရှိုးအပြည့်ထုတ်လာသေးသည်။ အဟင်း~~ သားပြောနေကျအတိုင်းပဲ၊ ဆန်မုန့်‌လေးနဲ့တူတယ်။

[  YOUR LIE  ] Where stories live. Discover now