4

279 30 2
                                    


ဂျီမင် သူတို့အိမ်ကိုရောက်လာတာ အခုဆိုတစ်လကျော်လောက်ရှိနေလေပြီ။ တစ်ဖြည်းဖြည်းနဲ့လည်း သံယောဇဉ်တွယ်လာကြ‌လေပြီ။ အခုတစ်လော ယွန်းဂီတစ်ယောက် ဂျီမင်ကို မျက်နှာချင်းမဆိုင်ရဲ‌ဖြစ်နေသည်။ အကြောင်းကတော့ဒီလို...

လွန်ခဲ့တဲ့ပိတ်ရက်ကဖြစ်သည်။ ရုံးပိတ်ရက်လည်းဖြစ်သည့်အပြင်၊ ယွန်လေးကလည်း မေမေတို့အိမ်သွားတဲ့နေ့ဖြစ်တာမို့ အိမ်ကတိတ်ဆိတ်လို့နေသည်။ ယွန်းဂီလည်း ကျန်နေသေးတဲ့အလုပ်ကိစ္စတွေနဲ့ အလုပ်ရှုပ်လျက်ရှိသည်။

ယွန်းဂီ စာရင်းတွေလုပ်နေ‌တုန်း ဖိုင်တစ်ခုပျောက်နေတာကြောင့် ရှာနေသည့်အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဂျီမင်က သူ့အခန်းထဲဝင်လာသည်။ ဖြစ်ချင်တော့ ဖိုင်က စာအုပ်စင်ရဲ့ အပေါ်ဆုံးတွင်၊ သူယူဖို့ကလည်း မမှီတာကြောင့် ခုံခုကာတက်ယူဖို့လုပ်နေတုန်း...

' ယွန်းဂီhyung ကျွန်‌တော်ယူပေးမယ်လေ '

' ရပါတယ် ဂျီမင်ရဲ့ ကိုယ်အဆင်ပြေပါတယ် '

သူကအဆင်ပြေတယ်ပြောနေပေမယ့်လေ ဂျီမင်ကတော့ သူ့လက်ထဲမှခုံကိုယူကာ အပေါ်တောင်တက်နေပြီဖြစ်သည်။ သူလည်းတားလို့မရတော့တာကြောင့် ခုံကိုသာ ခိုင်အောင်ကိုင်ပေးရတော့သည်။

ထိုအချိန်မှာပဲ ခြေဖျားထောက်ထားတဲ့ကိုယ်တော်လေးက ခြေချော်ကျလေတော့...
အနေအထားက ဘယ်လိုမှကြည့်လို့မကောင်း...
ထိုကောင်လေးက သူ့အပေါ်မှာထပ်လျက်ပုံစံဖြင့်... ပိုဆိုးသည်က... သူတို့နှစ်ယောက်လုံးရဲ့... နှုတ်ခမ်းတွေက... ထပ်တူညီနေခြင်းပင်။

ယွန်းဂီတစ်ယောက် မေ့ဆေးမိသလို တောင့်တောင့်ကြီးဖြင့် လှုပ်လည်းမလှုပ်တော့၊ ရင်တွေလည်းခုန်နေသလို ကမ္ဘာကြီးကလည်း ရုတ်တရက် ပြားသွားသယောင်ယောင်၊

' ဟို... ဘ.ဘာမှမဖြစ်သွားပါဘူးနော် '

'... '

' Hyung! '

' ‌အ.. အာ... ဘာမှမဖြစ်ပါဘူး၊ ဂျီမင်ကော အဆင်ပြေရဲ့လား '

' ဟုတ်... ဒါဆို သွား... သွားတော့မယ်နော် '

' ဪ... အင်း '

ဂျီမင်ထွက်သွားမှာ ယွန်းဂီ သူ့ရင်ဘတ်သူပြန်စမ်းရသည်။ တစ်ဒိတ်ဒိတ်ခုန်နေသော နှလုံးသားက ပုံမုန်တော့မဟုတ်။ နေပါဦး၊ သူအခု ရင်ခုန်နေတာပေါ့။ ယောင်္ကျားလေးတစ်ယောက်ကိုလေ!!!

အခန်းထဲ၌ ကိုယ့်ကိုကိုယ် မယုံနိုင်ဖြစ်နေသော လူတစ်ယောက်ရှိသလို အခန်းပြင်ဘက်မှာလည်း အခုချိန်ထိ အရှက်မပြေနိုင်သေးတဲ့ ကောင်လေးတစ်ယောက်ရှိခဲ့တယ်။

ထိုညက နှစ်ယောက်စလုံးအိပ်မပျော်နိုင်ကြ။ နောက်နေ့တွေကစပြီး ထိုကိစ္စကြောင့်ပဲ ဂျီမင်နဲ့ စကားပြောရတာ သိပ်အဆင်မပြေတော့။ မဖြစ်မနေပြောရမယ့် စကားတွေမှသာပြောဖြစ်ပြီး ပြောတိုင်းလည်း မျက်လုံးချင်းမဆိုင်ရဲကြပေ။

' ဂျီမင် '

ယွန်းဂီ သူ့အခန်းပြတင်းပေါက်ကနေ ခြံထဲကိုလှမ်းကြည့်လိုက်တော့ သစ်ပင်တွေရေလောင်းနေတဲ့ ဂျီမင်ကိုတွေ့သည်။ သူဘက်ကစကားစပြောပြီး တောင်းပန်လိုက်မှသာ ဒီကိစ္စက အဆင်ပြေသွားမယ်လို့ သူထင်သည်။ မဟုတ်ရင် တစ်ဖြည်းဖြည်းနဲ့ အခင်မင်ပျက်သည်အထိ ဖြစ်သွားနိုင်လောက်သည်။

ဒါကြောင့်ပဲ သူခြံထဲဆင်းလာပြီး ဂျီမင်ကိုစကားလာပြောတာဖြစ်သည်။ သူအနောက်ကနေ အသာခေါ်လိုက်တော့ လန့်သွားပုံရသည်။ ရေလောင်းနေတဲ့သူ့ပခုံးတွေက တစ်ချက်လှုပ်သွားသယောင်။

နောက်တော့ သူ့ဘက်လှည့်လာပြီး ပြုံးပြလာသည်။ အဲ့ဒီ့အခိုက်အတန့်... အဲ့ဒီ့အချိန်မှာ သူ့နှလုံးခုန်သံတွေ ခဏရပ်သွားသလို ခံစားလိုက်ရသည်။ ယွန်းဂီ သူ့ခံစားချက်ကိုသူ လန့်သွားသည်။ သူ့ကိုယ်သူ သတိထားမိလာသလို ခံစားရသည်။

ဒီလိုဖြစ်နေတဲ့ သူ့အခြေအနေကိုသူ လက်သင့်မခံနိုင်ပါ။ ဒါကြောင့်လည်း ဂျီမင်ရှေ့ကနေ သူထွက်ပြေးခဲ့မိသည်။ တစ်ဖက်မှာကိုယ့်ကိုကိုယ်ရှက်မိနေသော်လည်း တစ်ဖက်မှာတော့ ဒီလိုမျိုးစကားစထားပြီးတော့မှ ထွက်ပြေးလာခဲ့တဲ့အတွက် ဂျီမင်ကိုသူအားနာနေသည်။

အခုလောလောဆယ်တော့ သူ့စိတ်ကိုငြိမ်အောင်ထားဖို့လိုနေပြီ။ ဒီကောင်လေးကိုမှ သူကဘာလို့ ရင်ခုန်နေမိမှန်း ယွန်းဂီတကယ်ပဲ စဉ်းစားလို့ကိုမရပေ။ သူဂေးများဖြစ်နေပြီလားဆိုတဲ့ အသိကြီးက သူ့ကိုစိ‌တ်‌ခြောက်ခြားစေသည်။

အမှန်တော့ သူဂေးတွေကိုမုန်းတာမျိုးမဟုတ်၊ ဒီလိုယောင်္ကျားချင်း ချစ်ကြိုက်ကြတာမျိုးကလည်း သူ့အတွက်အထူးအဆန်းမဟုတ်။ ဒါပေမယ့် သူ့ကိုယ်သူတော့ လက်မခံနိုင်သေးဘူးထင်သည်။ တစ်ယောက်တည်းနေရင် အတွေးပေါင်းစုံက ရောက်လာနေသည်မို့ သူ အစ်ကိုဆော့ဂျင်ကို ဖုန်းဆက်ကာ အကူအညီလှမ်းတောင်းရသည်။

သူရောက်နေတဲ့ ဘားဆိုင်မှာ ဘီယာသောက်နေရင်း အစ်ကိုဆော့ဂျင်အလာကိုစောင့်ကာ ရင်လေးနေရတော့သည်။









[  YOUR LIE  ] Tahanan ng mga kuwento. Tumuklas ngayon