CHAPTER-2

4.3K 388 5
                                    

weibo ပေါ်တွင် တက်လာသော သတင်းတစ်ခုကို ရှောင်းကျန့် သဲကြီးမဲကြီးဖတ်နေမိသည်။

ငါးနှစ်တွဲလာခဲ့သော ချစ်သူနှစ်ဦးမှာ ကောင်လေးက အခြားကောင်မလေးနဲ့ လက်ထပ်သွားခဲ့တာတဲ့လေ။ ထိုကောင်မလေးက ကောင်လေးရဲ့မင်္ဂလာ ဆောင် ထိ သွားတောင်းပန်တာတောင်
အားနာမှူမရှိတဲ့ အပြင်။
ရိုင်းရိုင်းစိုင်းစိုင်းမောင်ထုတ်လိုက်သေးတယ်။

အို ရက်စက်ပါပေ့။

အကြောင်းပြချက်မရှိပဲ ထားခဲ့ခံရတဲ့အပြင် မင်္ဂလာပွဲကပါ နှင်ထုတ်ခံရတဲ့ အထိလေ ကောင်မလေးအစားတွေးမိရင် ရင်နာလို့မဆုံးပါပဲ။

ကောင်မလေးနေရာမှာ ကျွန်တော်သာဆို ရင်ကွဲပြီး သေလောက်တယ် အဟင်း။

‌"ရှောင်းကျန့်!"

ဝမ်ရိပေါ်ရဲ့ အသံကြောင့် ကြောင့် ရှောင်းကျန့်ဖုန်းကြည့်နေရင်း တုန်တက်သွားတယ်။

"ဟင်"

ဝမ်ရိပေါ် ရှောင်းကျန့်ကို စိတ်ပျက်စွာကြည့်ပြီး။

"ကျွန်တော် ခေါ်နေတာကြာနေပြီ ခင်ဗျားက ဘာတွေကြည့်နေလို့ မကြားရတာတုန်း ပေးစမ်း ခင်ဗျားရဲ့ဖုန်းကို"

"ဘာမှမဟုတ်ပါဘူး ဝမ်ရိပေါ် ပြန်လာပြီပဲ ဒီနေ့စောသားနော်"

အခြားအကြောင်းပြောနေတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်က စိတ်မရှည်တော့ဟန်နဲ့ ကျစ်စုတ်သပ်ပြီး ရှောင်းကျန့်လက်ထဲက ဖုန်းကိုဆွဲလုလိုက်တယ်

"ကျစ်! ဘာလို့ ဒီလိုသတင်းတွေ လိုက်ဖတ်နေရတာလဲ ပြီးရင် စိတ်မကောင်းဖြစ်တာပဲ အဖက်တင်မယ် ဘာမှလုပ်ရတာလဲမဟုတ်ပဲနဲ့!"

အင်း ဝမ်ရိပေါ် ပြောတာလဲ မမှားဘူးလေ။

"အမ်း ငါသိပြီမို့ ငါ့ကို ဖုန်းပြန်ပေး"

"ဘာတွေဖြစ်လို့ ဖုန်းကို အသဲအသန်လုနေရတာတုန်း ပြန်ပေးမှာပေါ့ ကိုယ့် ယောင်္ကျားဖုန်းကို ကိုယ်ကိုင်တာ ဘာဖြစ်တာမှတ်လို့"

ဝမ်ရိပေါ်ရဲ့ စကားကြောင့် ရှောင်းကျန့်ရင်ထဲ ပူလောင်လာတယ်။

ငါ့ကို မလွှတ်ချနိုင်အောင်မလုပ်ပါနဲ့လား ဝမ်ရိပေါ်။
အနေကြာရင် သံယောဇဉ်တွယ်လာတတ်တဲ့ ကိုယ့်ကို စိတ်ပျက်မိသည်။စောစောလမ်းခွဲခဲ့တာလည်းကောင်းတာပဲ ဒီထပ်ပိုပြီး မဆွဲထားနိုင်ခင်လေးပေါ့။

Ta Shuo! [COMPLETE]Where stories live. Discover now