CHAPTER-4

3.4K 343 3
                                    


ရှောင်းကျန့်က လေးလေးနက်နက်ပြောလိုက်တာ ကို ဝမ်ရိပေါ်က မသိပေမယ့် သူ့ရင်ထဲမှာ နွေးခနဲလေးဖြစ်သွားတယ်။

ဒါပေမယ့်လည်း အမှူမဲ့အမှတ်မဲ့ထားလိုက်ပါတယ်။

ဝမ်ရိပေါ် ဆေးလိပ်ကို ပါးစပ်နားတေ့ပြီး ရှိုက်လိုက်တော့ ရှောင်းကျန့်က အမြန်ပင် ထိုဆေးလိပ်ကို ဆွဲယူလိုက်ဝာယ်။

' ဘာကြောင့် ဆေးလိပ်သောက်နေရတာလဲ
ဆေးလိပ် သောက်တာ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ သိတယ် မလား? '

သူပြောတော့ ထိုကောင်လေးက ခေါင်းတညိတ်ညိတ်နဲ့ ဆိုတယ်။' သိတယ် ' တဲ့လေ

' အင်း သိရင် ဆက်မသောက်နဲ့တော့ '

ဝမ်ရိပေါ်က ခေါင်းမညိတ် သလို ခေါင်းလည်းမခါမိ။

' ဒီဘက်လှည့် '

ရှောင်းကျန့် စကားကြောင့် လှည့်ကြည့်တော့။

ရှောင်းကျန့်က အရက်ပြန်ဘူးကို ဖွင့်နေတယ်။

ဝမ်ရိပေါ်ရဲ့ မျက်နှာနုနုပေါ်က ဒဏ်ရာ လေးတွေကို အရက်ပြန်နဲ့ အရင်ဆေးပေးလိုက်တယ်။

ပြီးမှ ဆေး‌‌လိမ်းပေးလိုက်တယ်။

မျက်နှာနုနုပေါ်မှာ သွယ်လျနေသော လက်ချောင်းလေးတွေကို ပြေးလွှားလျက်။

‌အားလုံးပြီးသွားတော့ ရှောင်းကျန့်နဲ့ ရိပေါ်က တူတူပြန်ခဲ့တယ်။လမ်းမတူခဲ့ပါပဲပေါ့။

' အင့် '

လမ်းထိပ်ရောက်တော့ ရှောင်းကျန့်က သူ့ကို တစ်ခုပေးတယ်။

သူလှည့်ကြည့်လိုက်တော့ အဲ့တာက စုပ်လုံး လေးတစ်လုံး။

ပြီးတော့ သူပြောသေးတယ်။

' ဆေးလိပ် သောက်မယ့် အစား ဒါလေးစားလေ ' တဲ့။

ဒီလိုနဲ့ ဝမ်ရိပေါ်နဲ့ ရှောင်းကျန့်က အားလုံးထက် ပိုပြီး ရင်းနှီး နေခဲ့ကြပါတယ်။

ဝမ်ရိပေါ်မသိတာတစ်ခုရှိတယ် ရှောင်းကျန့်ရဲ့ ခံစားချက်ကိုပေါ့။

ရှောင်းကျန့်ကတော့ ဝမ်ရိပေါ်ရဲ့ အသေးစိတ်ကအစ သိနေခဲ့တယ်။

Ta Shuo! [COMPLETE]Where stories live. Discover now