CHAPTER-11

4.3K 296 8
                                    

ရိပေါ် နာကျင်မှူနဲ့အတူပြန်လည်နိုးလာတော့ ရောက်နေတာက မျက်နှာကျက် ဖြူဖြူကြီးရဲ့ အောက်က နေရာတစ်ခုဆီ။

"အယ် ရိပေါ် နိုးပြီလား?"

တံခါးပေါက်က အသံကြောင့် ခေါင်းလည်ပြီးကြည့်မိလိုက်ဝောာ့

"အင်း ယုဟွာ"

"ရိပေါ် နင်အဆင်ပြေရဲ့လား?"

"အင်း ပြေပါတယ် "

"အင်းအင်း ပြေတယ်ဆိုလည်းပြီးတာပဲ ဒေါက်တာက မှာသွားတယ် နောက်ထပ်ဆယ်ရက်လောက် ခြေထောက်ကို အနားပေးလိုက်အုံးတဲ့"

ထိုအခါ ရိပေါ် ကောက်ခါငင်ကာ ထငြင်းလိုက်တယ်။

"မရဘူး!"

"ရိပေါ် နင်ဆိုင်ကယ်ပြိုင်ပွဲအတွက် လက်လျှော့လိုက်ပါတော့လား?နင့်ခြေထောက်က အဆင်ပြေတာလဲ မဟုတ်ပဲ!"

"မရဘူး ငါဒီပြိုင်ပွဲ ဝင်ပြိုင်မှာ ဒါက ငါ့အတွက်အရေးကြီးတယ် "

အင်း အခွင့်အရေးတစ်ခုရတာပဲ။

"ငါဒီပြိုင်ပွဲမှာ နိုင်ကိုနိုင်ရမှာ!"

"ရိပေါ် နင်ခေါင်းမမာစမ်းနဲ့ နင်ဝင်ပြိုင်လို့မရဘူး!"

"နင်ဘာနားလည်လို့လဲ ဟန်ယုဟွာ ငါဒီအတွက်အများကြီးရင်းထားရတာ ပေးဆပ်ထားရတာ ပြီးဝောာ့ ဒါကငါ့အတွက်နောက်ဆုံးအခွင့်အရေးတစ်ခုပဲ!"

"ရိပေါ်!"

"ငါဒီဆေးရုံက ဆင်းချင်တယ် အမြန်ဆုံး "

ဟန်ယုဟွာ‌ဘာမှ ပြောလို့မရနိုင်တော့တာကြောင့် လက်လျှော့ပေးလိုက်သည်။

တီတီ

ဖုန်းလာနေတာကြောင့် လက်ဆွဲအိတ်ထဲကနေထုတ်ပြီးကိုင်လိုက်တယ်။

"ဟဲလို!"

"တကယ်ပြောတာလား?"

"ငါလာမယ် ကျေးဇူးလည်းတင်ပါတယ်"

"အေးပါ ဒါဆို ဒါပဲနော်"

ဖုန်းကိုချလိုက်တော့ ဟန်ယုဟွာ စိတ်လိုလက်ရပြုံးနိုင်ခဲ့ပြီ

ရှောင်းကျန့်နေတဲ့နေရာကို သိရပြီလေ။

ဟန်ယုဟွာ ဖုန်းထဲက လိပ်စာအတိုင်း သွားဝောာ့ ရပ်ကွက်ငယ်လေးတစ်ခုဆီ ရောက်လာဝာယ်။

Ta Shuo! [COMPLETE]Where stories live. Discover now