CHAPTER-3

3.7K 356 5
                                    

ဝမ်ရိပေါ်တွေးမိ သလောက်ရှောင်းကျန့်က အခုတလော အထူးအဆန်းတွေ ပြုမှူလာတတ်တယ်။

အရင်ကဆို အိမ်မှာ ဘယ်တော့မှ ဟင်းမချက် အပြင်စာစားတာလားဆိုတော့လည်းမဟုတ်ဘူး။
ဒေါ်လေးရင်ကျူး ကသာ အားလုံးလုပ်ပေးရတာ။

အခုကျတော့ ဒေါ်လေးရင် အစား သူကသာ ဟင်းချက်တယ်။အမြဲတမ်းလည်းပြုံးနေတယ်။
အရင်လို စိတ်ဆိုးအောင်စလည်း မဆိုးတော့ဘူး။

ရှောင်းကျန့်ဘာဖြစ်ချင်နေတာလဲကို ရိပေါ်တကယ်မသိဘူး။အခုတလော ရှောင်းကျန့်က ရိပေါ်ကို နွေးထွေးမှူတွေပေးတယ်။သူ မရဖူးတဲ့ နွေးထွေးမှူမျိုးပေါ့။

ရှောင်းကျန့်ရဲ့အပြုံးတွေက အဓိပ္ပာယ် အမျိုးမျိုးနဲ့ သက်ဆိုင်နေတယ်။

ဝမ်ရိပေါ် အထက်ကျောင်းသား အရွယ်တုန်းက ရှောင်းကျန့်ကို စတွေ့ခဲ့တာ။

အဲ့တုန်းက ခံစားချက်လေးက ဆန်းသစ်တယ်။

"အားလုံးပဲ တွေ့ရတာဝမ်းသာပါတယ်။အကိုက ဆရာမ ချင်းချင်း အစား လာသင်ပေးတာပါ အကို့နာမည်က ရှောင်းကျန့်ပါ"

ကျောင်းသား တို့ရဲ့ ညီညာစွာ အော်တဲ့အသံကြောင့်ရှောင်းကျန့်ပြုံးလိုက်မိသည်။

ဒီလိုဘဝလေးက စိတ်ချမ်းသာရတာပဲ။

"အာ့ဆို ဆရာတို့ လူစုံမစုံ အရင်စစ်မယ်နော်"

"ကျောင်းသား ယွင်ရှန့်!"

"ရှိပါတယ် ဆရာ"

ရှောင်းကျန့်က တစ်နေ့တာကို အပြုံးလေးတွေနဲ့ပဲ စတယ်။

"ကျောင်းသူ ဟန်ယုဟွာ!"

"ရှိပါတယ်ရှင့်"

"ကျောင်းသား ဝမ်ရိပေါ်"

ဖြေသံမကြားရ။

"ကျောင်းသားဝမ်ရိပေါ်။"

ဒုတိယ တစ်ကြိမ်လည်း ဖြေသံ မကြားရ။

"ဝမ်ရိပေါ်ဆိုတဲ့ ကျောင်းသားက ကျောင်းမတက်ဘူးလား?"

နောက်ဆုံးခုံမှာတော့

"ဝမ်ရေ ဝမ် ထအုံး "

"အင်းဟင်း ဘာလဲ ယုယု"

"ထဦးဟ ဆရာလာနေပြီ!"

Ta Shuo! [COMPLETE]Where stories live. Discover now