CHAPTER-9

3.4K 309 6
                                    


"ကျွန်တော်တို့ ကွာရှင်းကြရအောင်"

"ရိပေါ်..?"

"ကျွန်တော်တို့ ပျော်ရွှင်ခဲ့ကြသလိုနှစ်ယောက်လုံးနာကျင်ခဲ့ကြတာပဲမလား? လုံလောက်ခဲ့ကြပါပြီလေ.."

ရိပေါ်က ပါးပြင်ထက်ကို စီးကျနေတဲ့ မျက်ရည်တွေကို ရှောင်းကျန့်ကို မမြင်စေချင်၍ ရှောင်းကျန့်ကိုကျောပေးပြီးတော့သာ ပြောလိုက်သည်။

" ရိပေါ်..ငါ...ဟင်း ကောင်းပြီ ကွာရှင်းကြတာပေါ့ နှစ်ဦးသဘောတူပြတ်စဲကြတာပေါ့"

ရှောင်းကျန့်ရဲ့စကားကြောင့် ရိပေါ် ပိုလို့တောင် ထပ်တိုးငိုမိသည်။

ရှောင်းကျန့် ခင်ဗျားက ကျွန်ဝောာ့်စိတ်ကို လုံးဝနားမလည် ခဲ့ဘူးပဲ။

ဘယ်သူက ထင်မှာလဲ?
ဒီအိမ်ထောင်ရေးက နှစ်နှစ်တောင်မပြည့်ပဲ ပြတ်စဲ ဖြစ်ကြမယ်လို့!
ကံကြမ္မာကြီးက ရက်စက်လွန်းအားကြီးတယ်။

///////

ရိပေါ် အခန်းထဲ ဝင်လာတော့ ရှောင်းကျန့်က ပစ္စည်းတွေသိမ်းနေတယ်။

"ဘာလို့သိမ်းနေတာလဲ? ထွက်သွားချင်းထွက်သွားကျွန်တော်ကပဲ ထွက်သွားပါ့မယ် ခင်ဗျားထွက်သွားဖို့မလိုဘူး!"

ရှောင်းကျန့်က ကျွန်တော် ဘက်လှည့်လာတယ် ပြုံးပြပြီး ခေါင်းခါပြတယ်။

ကျွန်တော့်ရဲ့ အဝေးကိုထွက်မသွားချင်စမ်းပါနဲ့လား ခင်ဗျားရယ်။
မနက်ဖြန် နေထွက်လာရင် ကျွန်တော်တို့ တကယ်ဝေးရပြီ။

"မနက်မှ ဆက်လုပ်တော့ အခု အိပ်ရအောင်လား?"
ရိပေါ် ငိုချင်စိတ်ကိုထိန်းပြီး မနည်း‌ ပြောယူလိုက်ရတယ်။

"အင်း!"

ရှောင်းကျန့် လုံးဝအိပ်လို့ မပျော်ဘူး။
တစ်နေ့ဖြစ်လာမယ်ဆိုတာ ကြိုသိတယ်
သိရက်နဲ့ကို ခံနိုင်ရည်မရှိဘူး။

ရှောင်းကျန့် အိပ်မလို့ မျက်လုံးမှိတ်ချလိုက်တုန်း ‌လက်တစ်စုံက ‌တိုးဝင်လာတယ်။ကျွန်တော့်ကို တင်းနေအောင်ဖက်ထားပြီးတော့

"ခနလေး တကယ် ခနလေးပါ ရတယ်မလား?"

ရှောင်းကျန့် ပြန်မဖြေမိပါ သူမဆွဲထားချင်တော့ဘူး!

Ta Shuo! [COMPLETE]Where stories live. Discover now