CHAPTER-6

3.4K 344 5
                                    

"ရိပေါ် နည်းနည်းဖယ်ပေးအုံး"

"ဘာလို့တုန်းဗျာ အိပ်နေတာကို"

"မင်းအိပ်ရင်လည်း ကောင်းကောင်းအိပ်လေ အခုက မင်းဖက်ထားတာ အသက်ရှုကျပ်ကုန်ပြီ အဟွတ်ဟွတ် "

ရှောင်းကျန့်က လုပ်ချောင်းလေး နဲ့ အကြံအဖန်လုပ်ပြီးပြောလိုက်တော့ ရိပေါ်ရဲ့ နဂါးမျက်စောင်းကြီးက ဒိုင်းခနဲ။

" ကျွန်တော် ယောင်္ကျားကို ကျွန်တော်ဖက်တာလေ ကျွန်တော်လက်နဲ့ကျွန်တော်ဖက်တာလေ ဘာလဲ ကျွန်တော်ဖက်လို့မရဘူးလား?ဘယ်ကောင်မဖက်မှာမို့လို့လဲ ဟမ်?"

ဒီ..!

"ကျစ်!! ရိပေါ်ရာ ငါက ဘယ်သူ့ကိုမှ မဖက်ခိုင်းပါဘူး မင်းဖက်တာကြီးကို ကြည့်အုံးလေ အတင်းကြီးပဲ"

"ဟွန်း နည်းနည်းလောက်ထပ်လျှော့ပေးမယ်!"

ရှောင်းကျန့်က တိုးတိုးတိတ်တိတ်ခိုးရယ်လိုက်သည်။

ဒီလို အချိန်လေးတွေကို သူအရှည်ကြီးဆွဲဆန့်ထားချင်မိပါသည်။

ရိပေါ်က ရှောင်းကျန့်ကို သူ့ရင်ခွင်ထဲ ‌ထည့်ပြီးထွေးပွေ့ထားဝာယ်။
ဘာကြောင့်ရယ်မှန်းမသိ။

ရှောင်းကျန့်က အသက်သာကြီးတာ လူကောင်ကပိစိလေး အဲ့တာကြောင့် အစားများများစားခိုင်းတာ အသက်ကသာ သုံးဆယ်ပြည့်သွားတယ် လူက ပိစိညှောင့်တောင့်လေး။

ကျွန်တော်ကကျတော့ အသက်က နှစ်ဆယ့်လေးနှစ် ဆိုပေမယ့် လူကောင်က သူ့ထက် ကြီးတယ်။
ဥပမာ ရင်အုပ်တွေဆို အကျယ်ကြီး။
ရှောင်းကျန့်တစ်ယောက်စာ အတွက် အပြည့်အဝ နားခိုလို့ရတယ်။‌

မနက်မိုးလင်းတဲ့အချိန် နေရောင်က ရှောင်းကျန့်ဆီသို့ကျမလာပေ။
ဝမ်ရိပေါ်ရင်ခွင်ထဲက ရှောင်းကျန့်ကတော့ ‌နွေးနွေးထွေးထွေးအိပ်နေလျက်ပင်။

ဝမ်ရိပေါ်က ရှောင်းကျန့်တစ်ယောက်ထဲ
နားခိုခွင့်ရတဲ့ ရင်ခွင်ကျယ်လေး!

ထို‌မနက်မှာတော့ နှစ်ယောက်သား 09:00ထိတိုင်အောင် မနိုးကြသေးပါ။

ဘာလိုလိုနဲ့ အချိန်တွေ ကုန်လွန်တာမြန်လွန်းတယ်။အခုဆို 15 ရက်ပဲကျန်တော့တယ်။

Ta Shuo! [COMPLETE]Where stories live. Discover now