CHAPTER-10

3.6K 311 7
                                    


မျက်မှန်ဘူးရဲ့အောက်မှာ ရှောင်းကျန့်ကိုတိုင် လက်မှတ်ထိုးထားတဲ့ စာချုပ်တစ်စုံ။

ရိပေါ်ထိုစာချုပ်ကိုကြည့်လိုက်ရင်း
ကျွန်တော်တို့က တကယ်ပြီးသွားပြီလား?
အင်း ပြီးသွားလောက်ပါပြီ။

"သားရိပေါ် ဒေါ်လေးရင် မနက်စာပြင်ပေးထားတယ်"

ရိပေါ် အသံကြားရာကို ကြည့်မိလိုက်တော့ ဒေါ်လေးရင်က သူ့ကိုပြုံးပြပြီး အောက်ပြန်ဆင်းသွားတယ်။ဒေါ်လေးလည်း ဒီအကြောင်းသိပြီးပြီ ဆိုဝောာ့ ကျွန်တော်ကို သေချာပေါက်စိတ်ပျက်သွားလောက်ပြီပေါ့နော်။

ဝမ်ရိပေါ်ဆိုတဲ့ကောင်က စိတ်ပျက်ခြင်းနဲ့ပဲ ထိုက်တန်ပါတယ်လေ။တောင်းပန်ပါတယ်ရှောင်းကျန့် ကျွန်တော်ရဲ့ မရင့်ကျက်ခြင်းတွေကြောင့် ဒီအတောအတွင်း ခင်ဗျားကို စိတ်ရှုတ်စေခဲ့ပြီပဲ တောင်းပန်ပါတယ်။

ကျွန်တော် အောက်ထပ်ကိုဆင်းလာတော့ စားပွဲပေါ်မှာ အသင့်ပြင်ပေးထားတဲ့ မုန့်တွေ။အရင်လို ထိုင်စောင့်နေပေးမယ့်သူ မရှိတာကြောင့် နွေးရာသီတောင် မနွေးထွေးတော့သယောင်။ဆောင်းဦးပိုင်းတောင် ဝင်တော့မှာမို့လို့ထင်ပါရဲ့။

ထိုင်ခုံမှာ ဝင်ထိုင်ပြီး စားစရာတွေကို တိခနဲတို့ခနဲစားနေလိုက်တယ်။တကယ်ပါပဲ အရင်ထဲက အန်တီရင်ရဲ့ လက်ရာစားလာခဲ့တာ အခုတော့ ဘာအရသာမှ မရှိတော့သယောင်။

"သား ရိပေါ် စားရတာအဆင်ပြေရဲ့လား?"

အနောက်ကနေထွက်လာတဲ့အသံပိုင်ရှင်ကိုသိတော့ ပြုံးလိုက်တယ်။

"အဆင်ပြေပါတယ် အန်တီရော သားကို စိတ်မပျက်ဘူးလား?"

"ဟင်း! မပြောတတ်ဘူး ရှောင်းကျန့်က အန်တီရင်ကိုမှာသွားတယ် ရိပေါ်ကိုဂရုစိုက်ပေးပါတဲ့
အန်တီက အားကျန့်စကားကိုနားထောင်ပေးရုံပါ ကျန်တာတွေမပါ,ပါဘူး!"

အန်တီရင်ဟာ ပြောပီးတာနဲ့ထွက်သွားတော့ တယ်။အင်း အဆင်ပြေပါတယ်။
လွမ်းနေရတာက လွဲရင် အကုန်အဆင်ပြေပါတယ်လေ။

တစ်ပတ်အကြာ...

သူအဲ့ညက မရောက်လာတဲ့ နေရာကိုသွားပြီး ခုံတန်းရှည်လေးမှာဝင်ထိုင်လိုက်တယ်။ဘာရယ်မဟုတ်ဘူး သူမရှိတော့ နေဝင်ဆည်းဆာတောင်အရင်လိုမလှပတော့ဘူး။

Ta Shuo! [COMPLETE]Where stories live. Discover now