CHAPTER-8

3.4K 313 10
                                    

ရိပေါ် , ဟန်ယုဟွာ ခေါ်တဲ့နေရာကို အမြန်သာလာခဲ့လိုက်တယ်။

အပန်းဖြေ တောင်တန်းတဲ့ အစွန်းအဖျားလေးမှာ ရပ်နေတဲ့ သူမကြောင့် ဝမ်ရိပေါ် ဘာလုပ်လို့ဘာကိုင်ရမှန်းကိုလုံးဝမသိတော့။

"ယုဟွာ? နင်ဘာလုပ်နေတာလဲ?"

အနောက်က ရိပေါ်ရဲ့အော်သံကြောင့် သူမပြုံးလိုက်သည်။

ရိပေါ် နင်ငါ့ကိုမလွန်ဆန်နိုင်ပါဘူးဟာ!

သူမက ရိပေါ်ဘက်ကိုလှည့်လိုက်ပြီး။

"ရိပေါ် နင် နင်လာတယ်လား? ငါတောင်းပန်ပါတယ်။ ငါအများကြီးမှားခဲ့ပါတယ်။ ငါ့ကို ခွင့်လွှတ်ပေးပါနော်!"

"နင် အရင်ဆင်းခဲ့ ယုဟွာ ငါတို့နောက်မှ အေးဆေးဆက်ပြောပြမယ် !"

"ငါနင့်ကို စွန့်ပစ်ခဲ့တာ မချစ်လို့မဟုတ်ပါဘူးဟာ ချစ်လွန်းလို့ပါ။ငါ့အမေက ပြောတယ် နိုင်ငံကြားသွားပီးပညာသင်ရမယ် အဲ့ကြားမှာ နင်နဲ့အဆက်အသွယ်မလုပ်ရဘူးတဲ့ မဟုတ်ရင် ငါတို့နှစ်ယောက် ကို သဘောမတူဘူးတဲ့ ငါက အမေပြောတာကို လိုက်နာခဲ့တာ ငါတို့နှစ်ယောက်အတွက်ပါ ဒါပေမယ့် နင်ကတော့ ငါ ကို စောင့် ‌မ နေ ခဲ့ ဘူး ! အား! "

ပြောရင်းငိုနေရင်းကနေ အောက်ဖက်ကို ခြေချော် သွားတာကြောင့် အော်လိုက်ဝောာ့ ရိပေါ်က အလျှင်အမြန်ပင်သွားပြီးဆွဲထားဝာယ်။

"ယုဟွာ ငါ့လက်ကို သေချာ မြဲနေအောင်ကိုင်ထား ငါ ငါဆွဲတင်ပေးမယ်။"

ရိပေါ်က တောင်ဖျားပေါ်မှာ စိုက်ထားတဲ့ သံတုတ်ကြီးကို ကိုင်တွယ်ပြီး ယုဟွာကို ဆွဲတင်လိုက်တယ်။

"တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲဟမ်?ဘာလို့ အဲ့အပေါ်မှာရပ်နေရတာလဲ?"

"ရိပေါ် နင်ငါ့ကိုစိတ်ပူတာလားဟင်?"

"အေးတယ် အနွေးထည်မပါဘူးပဲ ငါ့ဟာဝတ်သွားလိုက်!"

"ရိပေါ် ငါ့ကို နင်ချစ်သေးတယ်မလား?ဟင်?"

"ဟန်ယုဟွာ!ငါနင့်ကိုရှင်းရှင်းပြောမယ် ငါနင့်အပေါ် ဘယ်တုန်းကမှ မချစ်ခဲ့ဘူး ငါတို့က ငယ်သံယောဇဉ်ကို အချစ်လို့ထင်မိသွားတာ ငါနင့်ကို မချစ်ခဲ့ဖူးဘူး!"

Ta Shuo! [COMPLETE]Where stories live. Discover now