(( 3 ))

3.1K 432 68
                                    

Unicode

မြောက်ပိုင်းထန့်ယန်းပြည်ဟာ ကုန်းတွင်း-ကျွန်းစွယ်ပြည်ထောင်​တွေထဲတွင်အင်အားအကြီးဆုံးနှင့် အာဏာစက်အပြင်းထန်ဆုံးတိုင်းပြည်တစ်ခုဖြစ်သည်။

ထန့်ယန်းပြည်ကိုအုပ်ချုပ်ခဲ့သည့်မင်းဆက်မှာကားဂျွန်မင်းဆက်ဖြစ်သည်။ ထန့်ယန်းပြည်ဟာပြည်တွင်းအေးချမ်းမှုကုန်သွယ်ရေးအဖက်ဖက်မှ စည်ပင်ဝပြောသလိုစည်းကမ်းရော စိတ်ဓာတ်ရေးရာပါပြင်ဒထန်တင်းကျပ်သည့်တိုင်းပြည်ဖြစ်ပြန်သည်။

ထန့်ယန်းပြည်သူပြည်သားတွေဟာလည်း မျိုးချစ်စိတ်တိုင်းပြည်ချစ်စိတ်ပြင်းထန်ကြသလို ဘုရင်ကိုယ်တိုင်ကလည်းစစ်ရေးစိတ်ဓာတ်ပြင်းထန်ကာ အိမ်နီးချင်းတိုင်းပြည်ငယ်တွေကိုကျူးကျော်သိမ်းပိုက်ပြီးထန့်ယန်းနယ်စပ်သွင်းကာအင်ပါယာကိုတိုးချဲ့ခဲ့လေသည်။

ထို့ကြောင့်ထန့်ယန်းပြည်ဟာအိမ်နီးချင်းပြည်ထောင်တွေထဲတွင်အင်အားအလွှမ်းမိုးဆုံးနှင့်မဟာမိတ်မရှိပဲသီးသန့်တည်ရှိနေသည့်ပြည်ထောင်ကြီးဖြစ်သည်။

သို့သော်လက်ရှိဘုရင်ဂျွန်ဟာမကြာခင်ပဲ ထီးနန်းစွန့်ပြီးထက်မြက်ဖျက်လက်သည့်သားတော်အိမ်ရှေ့စံကိုထီးနန်းလွှဲတော့မည်ဖြစ်တာကြောင့် ထန့်ယန်းပြည်သူတွေမှာလည်းသူတို့အရှင်အသစ်စက်စက်ကိုဝမ်းသာစွာစောင့်ကြိုနေကြသည်မဟုတ်ပါလား။

ဂျွန်ဂျောင်ကု.... ထန့်ယန်းရဲ့အနာဂတ်ဘုရင်လောင်းလျာ။ ထန့်ယန်းပြည်ရဲ့အိမ်ရှေ့စံဂျွန်။ မကြာသေးခင်ကပဲအသက်နှစ်ဆယ့်ငါးနှစ်ပြည့်ပြီးခဲ့သည်မလို့ ထီးနန်းကိုလွှဲပြောင်းယူရန်အဆင်သင့်ဖြစ်နေလေပြီ။

စူးရှနေသည့်မျက်ဝန်းအစုံနှင့်ခန့်ညားချောမောသည့်ရုပ်ရည်ရူပကာဟာ အရှင်ဂျွန်လိုစစ်ရေးတိုင်းပြည်ရေးတို့တွင်မာန်အပြည့်ဖြင့်နန်းတက်ဘုရင်တစ်ယောက်ရဲ့အဆင်းလက္ခဏာတို့ကအပြည့်။

စစ်ရေးမှာထက်မြက်သလို တိုင်းရေးပြည်ရေးတွင်လည်းခမည်းတော်ဘုရင်နှင့်အတူဆယ့်ခြောက်နှစ်အရွယ်ကတည်းကညီလာခံတက်ကာ တိုင်းပြည်ရေးရာတွေကို လေ့လာသင်ယူရင်းစီမံဆုံးဖြတ်ခဲ့သူ။

ကြင်ယာတော်ကင်မ် {𝐂𝐨𝐧𝐬𝐨𝐫𝐭 𝐊𝐢𝐦}Where stories live. Discover now