(( 15 ))

2.7K 247 80
                                    

Unicode

အတွင်းလူရဲမက်အင်အားချည်းသာမကပဲ ထန့်ယန်းတပ်စုကပါနန်းတွင်းထဲထိရောက်လာကြပေသည်မလို့ အင်အားကဘယ်လိုမှပင်မမျှတော့ကာ ဂိုလျောစစ်တပ်နှင့်ကိုယ်ရံတော်တပ်ဖွဲ့မှာ အကျများလာသည်။

နန်းရင်ပြင်မှာတင်မကပဲ နန်းတော်တစ်ခုလုံးကိုအင်အားအလုံးအရင်းနှင့်ဝင်လာကြသည်မလို့ နန်းတွင်းသူခြွေအရံတွေမှစလို့ ဂိုလျောနန်းတွင်းသစ္စာခံသူတွေအားလုံးလည်းရှောင်ပြေးချိန်မရနိုင်ကြပဲ နေရာတွင်ပင်ရက်စက်စွာသတ်ဖြတ်ခြင်းကိုခံကြရသည်။

နန်းတက်အိမ်ရှေ့စံယွန်းဂီမှာ နန်းရင်ပြင်ကနေတိုက်ခိုက်နေရင်း တစ်ဖက်ကလည်းခမည်းတော်တို့နဲ့ဂျွန်းလေးတို့ကိုစိတ်ပူရပြန်သည်။

ယောင်းလေးနဲ့ဂျွန်းလေးနှစ်ယောက်လုံးဟာ ကိုယ်ခံပညာအတိုက်အခိုက်တွေမပြောနှင့် ကိုယ်ပိုင်ဓားကိုယ်စီတောင်ရှိကြသည်မဟုတ်။ မွေးဖွားလာသည့်အချိန်မှစ၍နန်းတွင်းတစ်ခုလုံးရဲ့ရင်နှစ်သည်းချားလေးတွေမလို့ ဒီမင်းသားငယ်လေးနှစ်ယောက်ကိုတော့ဖြင့် ယွန်းဂီဘယ်နည်းနဲ့မှအထိခိုက်မခံနိုင်။

ပူပန်နေရသည့်အတွေးတွေနှင့်အတူမျက်စိရှေ့မှ ထန့်ယန်းစစ်သား၏လည်ပင်းကိုပိုင်းဖြတ်လိုက်ရင်း နန်းတော်ပတ်လည်ကိုအလျင်အမြန်ရှာဖွေကာအကဲခတ်လိုက်သည်။

ယောင်းလေးကိုမြောင်ဆူစောင့်ရှောက်မည်ဆိုတာသူယုံသည်။ မည်သို့ပင်ဖြစ်စေကာမူ မြောင်ဆူရှိလျှင်တော့ အနည်းဆုံးယောင်းလေးအတွက်စိတ်ချရသည်။

နန်းရင်ပြင်မှာတဖြည်းဖြည်းတိုက်ခိုက်လာရင်း ခမည်းတော်ပတ်လည်တွင်ဝန်းရံနေသည့်ရန်သူတွေကိုရှင်းလင်းရန် ခမည်းတော်ရဲ့ကိုယ်ရံတော်အဖွဲ့နှင့်ဝင်ကူကာတိုက်ခိုက်ရပြန်သည်။

ခမည်းတော်အားကယ်ထုတ်သွားရန်ကလည်းထင်သလောက်မလွယ်ကူနေ။ ထန့်ယန်းစစ်သည်တွေဟာ သူနှင့်ခမည်းတော်ကိုသာအဓိကဦးတည်ပြီးဝန်းရံတိုက်ခိုက်နေသလိုပင်။
-
-
-
တစ်ဖက်တွင်လည်း မြင်းစီးကွင်းဖက်တွင်ကိုယ်ရံတော်ချွဲကာကွယ်မှုဖြင့် ဓားချက်ဓားသံတွေကြားမင်းသားငယ်ယောန်ဂျွန်းမှာတုန်ယင်စွာဖြင့်အန္တရာယ်ကင်းနေဆဲဖြစ်သည်။

ကြင်ယာတော်ကင်မ် {𝐂𝐨𝐧𝐬𝐨𝐫𝐭 𝐊𝐢𝐦}Where stories live. Discover now