(( 4 ))

3K 433 54
                                    

Unicode

ဒီနေ့တော့မင်းသားတွေအားလုံးညီလာခံတက်ဖို့ မင်းကြီးဆီမှအမိန့်ရောက်လာသည်မလို့ မနက်အစောကတည်းကပြင်ဆင်ထားရလေသည်။

ထယ်ယောင်းကတော့ စိမ်းနုရောင်ဝတ်ရုံဖြင့်မနက်အစောကတည်းကအဆောင်ကနေတက်ကြွစွာထွက်လာနှင့်လေပြီ။

ညီလာခံကျင်းပရာပင်မနန်းတော်အဆောင်ကြီးထဲဝင်ခါနီး မင်းသားတွေအရင်တန်းစီပြီးလူစုရတော့ရောက်မလာသေးသူဟာယောန်ဂျွန်းတစ်ယောက်သာကျန်တော့လေသည်။

သိပ်မကြာလိုက်ခပ်လှမ်းလှမ်းကနေ ခရမ်းနုရောင်ဝတ်ရုံစကိုမကာမပြေးရုံတမယ်ရောက်ချလာသည့်ယောန်ဂျွန်း။ နောက်ကကပ်လျက်ပါလာသည့် သူ့ကိုယ်ရံတော်ဖက်သို့လှည့်ကာစူပုတ်ကာအော်လိုက် မျက်စောင်းထိုးလိုက်ဖြင့်သူတို့အနားသို့ခြေဆောင့်ကာရောက်လာလေသည်။

"ဒီနေ့လဲနောက်ကျပြန်ပြီဂျွန်းလေး"

အစ်ကိုဆော့ဂျင်းကခပ်တိုးတိုးလှမ်းစတော့ ယောန်ဂျွန်းကအိပ်ချင်မူးမျက်နှာဖြင့်မှုန်ကုပ်ကုပ်သာ။ ညီလာခံတက်ရမည့်နေ့တွေဆိုမနက်အစောထလာကြရသည်မလို့ အိပ်ရေးမက်သည်မင်းသားငယ်ယောန်ဂျွန်းမှာအမြဲနောက်ကျလေ့ရှိသည်။

ညီလာခံစတော့ မင်းကြီးကပလ္လင်ထက်တွင်ထိုင်လျက်ရှိပြီး အိမ်ရှေ့စံကသူ့နေရာပလ္လင်ထက်တွင်နေရာယူပြီးဖြစ်သည်။ အဆောင်ရမိဖုရားတွေမှမွေးသည့်မင်းသားတွေသာညီလာခံတက်ခွင့်ရသည်မလို့ သူတို့မင်းသားသုံးယောက်ကတော့ အိမ်ရှေ့စံအနားတွင်နေရာယူကြရသည်။

"နယ်စပ်မှာစစ်ဘေးရှောင်ပြည်သူတွေအသတ်ခံနေရပြီး သုံ့ပန်းအဖြစ်ထန့်ယန်းနယ်နမိတ်ထဲဖမ်းဆီးရမှုတွေမြင့်တက်လာကြောင်းပါမင်းကြီး"

"ကုန်သည်တွေနဲ့အခွန်တော်ကိစ္စပြေလည်မှုမရှိသေးကြောင်းပါမင်းကြီး"

"ဆားကုန်သွယ်မှုအတွက်ရော ပြည်တွင်းစစ်အင်အားအတွက်ပါရှီလာပြည်နဲ့မဟာမိတ်ဖွဲ့ဖို့အကြံပြုချင်ပါတယ်မင်းကြီး"

အမတ်ကြီးတွေရဲ့တစ်ယောက်တစ်ခွန်စီလျှောက်တင်ချက်တွေကို မင်းကြီးနဲ့အိမ်ရှေ့စံယွန်းဂီကတစ်မျိုးတစ်ဖုံစီဖြေရှင်းစရာတွေဖြေရှင်းပြီး ကြားနာသင့်တာတွေကြားနာနေကြသည်မလို့ ထယ်ယောင်းမှာပျင်းရိလာသည်မလို့ လက်ကလေးဖြင့်အုပ်ကာသမ်းဝေမိတော့သည်။ ဘေးနားကယောန်ဂျွန်းကိုမသိမသာလှမ်းကြည့်လိုက်တော့ ခေါင်းငိုက်စိုက်ကျကာငုတ်တုပ်ကြီးစက်တော်ခေါ်နေလေပြီ။

ကြင်ယာတော်ကင်မ် {𝐂𝐨𝐧𝐬𝐨𝐫𝐭 𝐊𝐢𝐦}Where stories live. Discover now