(( 7 ))

3K 395 61
                                    

Unicode

အဆောင်တော်အပြင်ဖက်မျက်နှာစာရှိ ကြာကန်ကြီးနားကကျောက်တုံးလေးပေါ်တွင်ငြိမ်သက်ငေးမောစွာထိုင်နေသည့်ထန့်ယန်းမင်းသားငယ်ဂျီမင်း။

ယနေ့လည်းအဖြူရောင်ပိုးသားဝတ်ရုံနုလေးဖြင့် ဖြူစင်ငြိမ်သက်စွာရှိနေပြန်သည်။

"အဲ့မင်းသားပေါ့ မနေ့ကရှန်ကုန်းချွဲပြောပြတဲ့အစွန့်ပစ်ခံမင်းသားဆိုတဲ့တစ်ယောက်လေ"

"ထန့်ယန်းပြည်မှာမျက်နှာသာအပေးမခံရတဲ့ကိုယ်လုပ်တော်ရဲ့သားမလို့တဲ့"

"ဟယ် ဂိုလျောကိုလာတော့လည်းသူ့လိုထန့်ယန်းမင်းသားကိုဘယ်သူကတလေးတစားဆက်ဆံပေးရမှာလဲ"

ခပ်လှမ်းလှမ်းတွင်ရပ်ကာသူ့အားခစားရသည့်နန်းတွင်းသူတွေထံမှကြားနေရသည့်တီးတိုးပြောသံတွေ။ အနီးကပ်ခစားရသည့်အခြွေရံတွေဆီမှတောင်အခုလိုအပြောအဆိုခံနေရသည်မလို့ ဂိုလျောနန်းတွင်းတစ်ခုလုံးသာဆိုသူ့အားဘယ်လိုမြင်နေကြမလဲသူတွေးတောင်မတွေးရဲတော့။

မကြားဟန်ပြုကာ မျက်စိလေးမှိတ်ထားရင်းမနက်ခင်းလေပြေနုတွေရဲ့လတ်ဆက်အေးမြမှုကိုတိတါဆိတ်စွာခံယူနေမိသည်။

သို့သော်ပြန်ပြီးတုန့်ပြန်ပြောဆိုရအောင်လည်း သူ့တံင်မည်သို့သောဩဇာအာဏာရှိလို့တုန့်ပြန်ရမည်လဲ? ထန့်ယန်းမှာကတည်းကတောင်သူ့အာဏာဆိုတာသက်ရောက်မှုမရှိခဲ့တာ အခုလိုသူတစ်ပါးတိုင်းမှာရောသက်ရောက်မှုရှိမည်တဲ့လား?? သူကထန့်ယန်းအိမ်ရှေ့စံဂျွန်ဂျောင်ကုမှမဟုတ်တာလေ~~

"သနားစရာကောင်းလိုက်တာနော် အမေကကိုယ်လုပ်တော်ပဲဆိုတော့သူလဲကိုယ်လုပ်တော်ဆောင်ပဲရောက်မယ်ထင်တယ် ခစ်ခစ်"

"အတင့်ရဲလိုက်ကြတာ!!!"

"အိမ်ရှေ့စံ!!"

ရုတ်တရက်မိုးခြိမ်းသံသမျှထွက်လာသည့် အိမ်ရှေ့မင်းသားယွန်းဂီရဲ့အသံကြောင့် မင်းသားလေးဂျီမင်းမှာအံ့ဩတကြီးနှင့်လှည့်ကြည့်လိုက်မိတော့သည်။ နန်းတွင်းသူတွေမှာအိမ်ရှေ့စံယွန်းဂီကိုမြင်တော့ကြောက်လန့်တကြားဒူးထောက်ကြမိတော့သည်။

ကြင်ယာတော်ကင်မ် {𝐂𝐨𝐧𝐬𝐨𝐫𝐭 𝐊𝐢𝐦}Where stories live. Discover now