(( 5 ))

2.9K 421 68
                                    

Unicode

ထန့်ယန်းသံသမန်အဖွဲ့ဂိုလျောပြည်ထဲဝင်လာတော့ ဂိုလျောပြည်သူပြည်သားတွေမှာအသက်တောင်ပြင်းပြင်းမရှုရဲကြ။

သံတမန်အဖွဲ့သွားမည်လမ်းတွေဆို လူအနည်းငယ်သာရှိကာအိမ်တွေတွင်းပုန်းရှောင်နေကြခြင်းဖြစ်သည်။

အိမ်ရှေ့စံဂျောင်ကုကရှေ့ဆုံးတွင် အုန်းခွံရောင်သန်မာကြီးထွားသည့်မြင်းပေါ်မှစီးလျက်ဦးဆောင်ကာ အနောက်တွင်ထန့်ယန်းကသံတမန်အမတ်ဖြိုနဲ့ကိုယ်ရံတော်တပ်မှုးယောဝူကကပ်လျက်လိုက်ပါကာအမတ်ဖြိုရဲ့အနောက်တွင်မင်းသားငယ်ရဲ့ဝေါယာဉ်ဖြစ်သည်။ ကျန်စစ်သည်ရဲမက်တွေကဝေါယာဉ်အနောက်မှခြေကျင်တညီတညာတည်းလိုက်ပါကြသည်။

သူတို့သံတမန်အဖွဲ့ကိုမြင်တော့စူးစမ်းသလို အထိတ်တလန့်ဖြစ်နေတဲ့ဂိုလျောပြည်သားတွေရဲ့ မျက်ဝန်းတွေကို မြင်းပေါ်ကနေကြည့်ပြီးဂျောင်ကုဟွန်းခနဲနေအောင်ကျေနပ်စွာပြုံးမိသည်။

ထန့်ယန်းသံတမန်အဖွဲ့ဟာယနေ့မှဂိုလျောသို့ရောက်ရှိလာခြင်းဖြစ်ပြီး သူကတော့မနက်အစောပိုင်းလေးကမှဂျောင်အိမ်တော်ကနေတိတ်တဆိတ်ထွက်ကာ သံတမန်အဖွဲ့နှင့်ဆုံစေလိုက်ခြင်းဖြစ်သည်။

သူဂိုလျောသို့တိတ်တဆိတ်ရောက်နေခဲ့သည်ကို ထန့်ယန်းသံတမန်အဖွဲ့ရောဂိုလျောကတရားရေးအမတ်ဂျောင်ရော ထန့်ယန်းဘုရင်သူ့ခမည်းတော်ကိုယ်တိုင်ပါသိနေသည်မလို့သိပ်တော့ပြဿနာမရှိလိုက်။

သူတို့ဂိုလျောနန်းတွင်းသို့ရောက်ကြတဲ့အခါ တရားရေးအမတ်ကြီးဂျောင်ပါဂိုလျောအိမ်ရှေ့မင်းသားနှင့်အတူသူတို့အားကြိုဆိုနေပါလိမ့်မည်။ ထိုအခြင်းအရာကိုတွေးမိတော့ အိမ်ရှေ့စံဂျောင်ကုမျက်နှာထက်လှောင်ပြုံးလေးကပေါ်လာသည်။

ဂိုလျောဘုရင်ရဲ့နုံချာအသုံးမကျမှုတွက် သနားတောင်သနားမိသည်။ မြွေပွေးကိုမှခါးပိုက်ပိုက်ထားမိသည်မလား။ ဂိုလျောရဲ့နန်းတွင်းရေးမှာအမတ်မင်းတွေကြားအာဏာအရှိဆုံးလုပ်ပိုင်ခွင့်ရတရားရေးအမတ်ဂျောင်က ဂိုလျောကိုသိမ်းပိုက်ဖို့ သူတို့ထန့်ယန်းဘုရင်နဲ့အဆက်အသွယ်တွေဖြင့်ကူညီကာအကျိုးအမြတ်တွေရှာနေခဲ့ခြင်းဖြစ်သည်။

ကြင်ယာတော်ကင်မ် {𝐂𝐨𝐧𝐬𝐨𝐫𝐭 𝐊𝐢𝐦}Where stories live. Discover now