(( 10 ))

2.9K 361 45
                                    

Unicode

တရားရေးရာအမတ်ကြီးဂျောင်ရဲ့ စာကြည့်ဆောင်ထဲသို့ယယ်ဆွန်းဝင်သွားတော့ အမတ်ဂျောင်ကဖတ်လက်စစာအုပ်ကိုပိတ်လိုက်ကာ သူမအားထိုင်စေသည်။

​အဖေအမတ်ကြီးဟာ သူမတို့မောင်နှမနှစ်ယောက်အပေါ်နူးညံ့သည်လည်းမဟုတ် ခက်ထန်သည်လည်းမဟုတ်။ ငယ်ငယ်ကတည်းကနွေးနွေးထွေထွေးမရှိခဲ့သည်မလို့ ဖခင်ကိုယယ်ဆွန်းရောအကိုကြီးပါကြောက်ရသည်။

"ဖေဖေ သမီးကိုခေါ်တယ်ဆိုလို့ပါ"

ယယ်ဆွန်းကပင်ရိုသေစွာစကားစလိုက်ရသည်။ ကျစ်ဆံမြီးဖြင့်သေချာစည်းဖွဲ့ထားဆံနွယ်ရှည်ရှည်လေးတွေဖြင့် ယယ်ဆွန်းသည်အမှန်ပင်နူးညံ့သိမ့်မွေ့ကာလှပသည်။

ဂုဏ်သရေရှိအဆင့်မြင့်အိမ်တော်တွေတိုင်းတွင် အမျိုးသမီးကောင်းလေးအဖြစ်သတင်းမွှေးသည်။ သူမကိုချွေးမတော်ချင်သည့် အိမ်တော်တွေလည်းအမြောက်အမြားပင်ရှိကြသည်။

သို့သော်လည်း အမတ်ကြီးဟာသူ့သမီးငယ်ကိုရွှေပန်းလေးလိုပျိုးထားကာ မည်သူ့ကိုမှဆွတ်ခူးခွင့်မပြု။ သူပျိုးထားသည့်ပန်းကလေးကိုဆွတ်ခူးစေမည့်သူဟာ ထန့်ယန်းအရှင့်သားဂျွန်ဂျောင်ကုတစ်ယောက်တည်းအတွက်သာ ရည်မှန်းထားသည်။

"မင်းကြီးကအိမ်​​ရှေ့စံနဲ့ရှီလာမင်းသမီးကိုမကြာခင်ထိမ်းမြားလက်ဆက်ဖို့လုပ်တော့မှာ တစ်ခါတည်းလက်ထပ်ပွဲနဲ့အတူနန်းသိမ်းပွဲပါတူတူလုပ်လိမ့်မယ်"

ဖခင်ပြောသမျှကကိုယ့်ကိစ္စမပါသည်မလို့ ယယ်ဆွန်းမှာခေါင်းငြိမ့်နားထောင်ရုံအပြင်ဘာမှမပြောမိ။

"အိမ်ရှေ့စံလက်ထပ်ပွဲဖြစ်လို့မရဘူးဆိုတာနားလည်တယ်မလား?"

"ရှင်? ဘာလို့လဲဖေဖေ?? "

"လက်ထပ်ပွဲဖြစ်သွားရင် ဂိုလျောနဲ့ရှီလာကအင်အားပေါင်းပြီးအနောက်ဖက်ပြည်တွေထိကျယ်ပြန်သွားနိုင်တယ်...အဲ့လို့ဖြစ်လို့လုံးဝမရဘူး ထန့်ယန်းနန်းတွင်းဆီကိုဒီအကြောင်းတွေပြောထားပြီးပြီမလို့သိပ်မကြာခင် အောင်မြင်တော့မှာပါ..."

"ဘာကိုလဲဖေဖေ? အိမ်ရှေ့စံရဲ့လက်ထပ်ပွဲကိုဖျက်မလို့တော့မဟုတ်ဘူးမလား?"

ကြင်ယာတော်ကင်မ် {𝐂𝐨𝐧𝐬𝐨𝐫𝐭 𝐊𝐢𝐦}Where stories live. Discover now