(( 6 ))

3K 419 53
                                    

Unicode

"ယောင်း??"

ရင်းနှီးနေသည့်ခေါ်သံကြောင့် သူလှည့်ကြည့်လိုက်မိတော့မျက်စိမြင်လိုက်ရသူကြောင့် ထယ်ယောင်းမှာရုတ်တရက်ဘာမှမတွေးမိတော့ပဲ ပျော်ရွှင်မှုကြောင့်မျက်လုံးလေးတွေလက်ခနဲ။

"ဂျွန်လူကြီးမင်း!"

သူနှင့်အတော်လေးခပ်လှမ်းလှမ်းမှာမလို့ ထယ်ယောင်းမှာအမြန်ပြေးသွားလိုက်ပေမဲ့ ရုတ်တရက်ဝင်လာသည့်အသိတစ်ခုနှင့်အတူလမ်းခုလတ်မှာပဲဂျွန်ဆိုသည့်လူကြီးဆီလှမ်းနေသည့်ခြေလှမ်းတွေရပ်တန့်သွားရတော့သည်။

သူမင်းသားတစ်ယောက်ဆိုတာ ဂျွန်သိသွားပြီလား?? သူတကယ်ကိုမင်းသားတစ်ယောက်အဖြစ်နဲ့ဂျွန့်ကိုမတွေ့ချင်ခဲ့ခြင်းပင်။ ဂျွန်ဟာသာမန်အိမ်တော်အသိုင်းအဝိုင်းကဖြစ်ပါလျှင် မိမိမင်းသားတစ်ယောက်မှန်းသိသွားသည့်အခါသူတို့နှစ်ယောက်ကြား ဆက်ဆံရေးတွေပြောင်းလဲသွားမှာကြောက်ခဲ့ခြင်းကြောင့်ပင်။

ဒါပေမဲ့....ဂျွန်ကနန်းတွင်းထဲဘယ်လိုလုပ်ရောက်နေရတာလဲ??

"အဟက် တကယ်ပဲကိုယ်တော့်ရဲ့ကြွေရုပ်လေးဖြစ်နေကိုး.."

သူ့ကိုမြင်တော့ သိပ်အံ့ဩသွားပုံမပေါ်ပေမဲ့ဂျွန်ပြုံးလိုက်သည့်အပြုံးတွေကိုထယ်ယောင်းနားမလည်ပါ။ သို့သော် ဂျွန်ဆိုသည့်လူကြီးထိုသို့မထိတထိပြုံးလိုက်သည့်အခါတိုင်းထယ်ယောင်းမှာအမြဲရင်ခုန်မိရသည်။

"နန်းတွင်းထဲဘယ်လိုလုပ်....ရောက်.."

ထယ်ယောင်းမှာထိုနေရာလေးမှာပင် တအံ့တဩနှင့်ရပ်ကာမေးခွန်းတို့တောင်အဆုံးထိမမေးနိုင်လိုက်။ အခုမှဂျွန်ဝတ်ဆင်ထားသည်ကို သတိပြုမိသည်။

သူ့ခေါင်းထဲဒိန်းခနဲဖြစ်သွားသည်နှင့်အတူ ပါးစပ်ပင်ပွင့်ဟသွားမိတော့သည်။

ထိုစဉ်တစ်ဆက်တည်းမှာပဲအပြေးအလွှားရောက်လာသည့်ယောဝူနှင့်အတူနန်းတွင်းအထိန်းတော်နှင့်ရံရွေတော်အချို့။ သူ့ကိုမြင်တော့တချက်အရိုအသေပြုပြီး ဂျွန့်ဖက်သို့ဦးညွှတ်ကာ

"အရှင့်သား အဆောင်တော်ပြန်ဖို့ကျွန်တော်မျိုးတို့လမ်းပြပေးပါ့မယ်"

ကြင်ယာတော်ကင်မ် {𝐂𝐨𝐧𝐬𝐨𝐫𝐭 𝐊𝐢𝐦}Where stories live. Discover now