Unicode
Novemberရဲ့ အစ၊ပထမဆုံးရက်မှာ ကိုယ်ဟာ
ပုဂံရဲ့ အရုဏ်တက်ချိန်ကို တမ်းတနေမိရင်း...
အတိတ်မှ ရုန်းမထွက်နိုင်သူ ဖြစ်နေရသည်။ကိုကိုရော တမ်းတနေမလား... ဒါမှမဟုတ်
မေ့ပစ်လိုက်မှာလား။" Park SungHoon "
အသံကြားရာ အရပ်ကိုလှည့်ကြည့်လိုက်တော့ Jayဖြစ်နေသည်။ Jayသည် SungHoon၏
တစ်ဦးတည်းသော သူငယ်ချင်း။ သူတို့နှစ်ယောက် ပေါင်းလာတာ နှစ်တွေလည်း မနည်းတော့ချေ။
Jayက SungHoon စီပြေးလာရင်း ပုခုံးကို
သိုင်းဖက်လိုက်သည်။" နေထွက်တော့မယ်...Jay "
" ပုဂံက နေထွက် ဆည်းဆာကို
လွမ်းမိသားပဲ ဟက် "SungHoon ခပ်ဟဟရယ်လိုက်ရင်း ပြောလိုက်
သည့် အဆုံး SungHoonကို သိုင်းဖက်ထားတဲ့ Jay လက်တို့က လျော့ကျလာပြီး ရုတ်တရက် သူငယ်ချင်းကို အကဲခတ်နေသည်။
SungHoonသည် ရယ်နေသော်လည်း နေရောင်ကို ကြည့်နေသော မျက်ဝန်းတွေသည် ရီဝေနေသည်။ မျက်နှာမှာလည်း တစ်စုံတစ်ခုကို ဆွေးမြေ့
နေကြောင်း ထင်ရှားနေသည်။" SungHoon... မင်းတစ်ခုခု ကြီးကြီးမားမား ဖြစ်လာတယ်မလား လွန်ခဲ့တဲ့ ၂နှစ်က "
SungHoon သည် Jayစကားကြောင့် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ ထို့နောက် သူတစ်ယောက်တည်း
သိတဲ့ လျို့ဝှက်ချက်တွေကို ပြန်တွေးရင်း Jayကို ကြည့်လိုက်သည်။ အတိတ်တွေပေါ့ … လှပခဲ့သလို အလွန်နာကျင်စရာကောင်းလွန်းတာကြောင့်
ပြန်မသွားချင်တော့သည့် အတိတ်တွေ။" ပုဂံမှာ မြန်မာမလေးတစ်ယောက်နဲ့တွေ့လာပြီး အခုထိ မေ့လို့မရသေးတာလား ဟုတ်လား "
မဟုတ်လောက်မှန်းသိပေမယ့် Jayသည် SungHoonကို စိတ်ပူသည်။ အခုထိ ပုဂံကိုလွမ်းနေပြီး မေ့မရနိုင်သေးတာ သေချာပေါက်တစ်စုံတစ်ယောက်ကြောင့် ဖြစ်ပေလိမ့်မည်။ သို့သော် SungHoonဖက်က ဒီအကြောင်းတွေကို တစ်ခွန်းမှ မဟဖူးသေးချေ။
" ပေါက်ကရ "
" ငါအဆင်ပြေပါတယ် အခုလဲ "
ဟင့်အင်း ၊ မပြေဘူး...။
ငါ့ရဲ့စိတ်ဝိညာဉ်က လွန်ခဲ့တဲ့ ၂နှစ် ၊ ပုဂံကနေ
မလွတ်မြောက်နိုင်သေးဘူး ဆိုတာကိုတော့ Jayကို
မပြောဖြစ်တော့။
![](https://img.wattpad.com/cover/289355302-288-k871840.jpg)
BINABASA MO ANG
ETHAN , IT'S YOUR BAGAN
FanfictionShould i set my set on fire for you ? - SH - [ Lee Heeseung & Park Sunghoon ]