❝ LawkaNandar ❞

825 113 35
                                    

Unicode

( Y'all should listen to Set Myself On Fire By Kim TaeYeon while reading this )

ကိုကို့ ဘေးနားမှာ ရှိနေပေမယ့် ဝေးနေတဲ့
အတိုင်းပါလား..။ ဘာတွေများ ဆက်ပြီး ကြိုးစားရဦးမလဲ။ ဘာတွေများ ပြောင်းလဲရဦးမလဲ။

စတွေ့ခဲ့ကတည်းက ကိုကို့က သူ့ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့တယ်။ မျက်လုံးလှလှလေးတွေရယ်
အပြာရောင်သမ်းနေတဲ့ ဆံနွယ်လေးတွေရယ်ကို
အမြတ်တနိုး သဘောကျရတာလည်း သူပါပဲ။
ညဖက်ဆို ကြယ်တွေအစား ကိုကို့ မျက်လုံးလှလှလေးတွေကိုသာ ကြည့်ချင်ကြောင်း ကြယ်လေးတွေကို ပြောပြခဲ့တာလည်း သူပါပဲ။

ဒါပေမယ့်လည်း ဆက်ဆံရေးတစ်ခုမှာ တစ်စုံတစ်ယောက်ကချည်းပဲ ခြေလှမ်းလာလို့မရဘူး မဟုတ်လား။ ဒီလိုတစ်ယောက်တည်းဖက်ကသာ ကြိုးစားနေရင် ဒီဆက်ဆံရေးက အချိန်မရွေး
ပြတ်စဲသွားမှာပဲလေ။

ကိုကိုနှင့် သူ၏ ဆက်ဆံရေးကရော ဘယ်လို ပုံစံမျိုး ဖြစ်မလဲ..။ သေချာတာကတော့ သူက ထွက်သွားရက်မယ့် လူလည်း မဟုတ်သလို ထွက်သွားခွင့်ပြုမယ့် လူလည်း မဟုတ်ပြန်ဘူး။
ဒါဆို ကိုကိုကရော..။ သူထွက်သွားလို့ပြောရင် သူ့ကို ပြန်လှည့်ကြည့်ဦးမယ့် လူမျိုးလား။ ဒါဆို မထွက်သွားပဲ သူ့ကို လက်မလွှတ်မယ့် လူမျိုးလား။

ဟင့်အင်း….

တကယ်တမ်း ပြောရရင် သူ ကိုကို့ ကို မသိဘူး။

🌹

အချိန်အားဖြင့် ည ၈နာရီခွဲ။
ဆိုးလ်မြို့ကို အကြာကြီးခွဲခဲ့ရတာကြောင့် လွမ်းလှပါသော်လည်း ကိုကိုရှိသည့် ပုဂံကို ပိုတမ်းတမိသည်။ Park SungHoon တို့ အပြောင်းအလဲ မြန်ချက်ပါပဲ။

အလုပ်မှ ပင်ပန်းပါသော်များလည်း သူ ကိုကိုနှင့် ဖုန်းပြောရဦးမည်။ နေ့တိုင်းနေ့တိုင်း အချိန်ကွာခြားပါသော်လည်း သူ အိပ်ရေးအပျက်ခံပြီး ဖုန်းရအောင် ပြောခဲ့သည်။ ဒါဟာလည်း ကိုကို့ကြောင့်ပါပဲလေ ကိုကိုကတော့ အိပ်ရေးပျက်မယ် ပြောရှာပါတယ်..။ နက်ခ်တိုင်ကို ဖြေလျှော့လိုက်ရင်း ခုံကို မှီလိုက်သည့်အခါ ပုခုံးကို လာတို့သော အထိအတွေ့ကြောင့် ရုတ်တရက် တုန်လှုပ်သွားတော့သည်။

ETHAN , IT'S YOUR BAGANWhere stories live. Discover now