❝ Thatbyinnyu ❞

1.1K 149 24
                                    

Unicode


ပုဂံဒေသဟာ အညာဒေသဖြစ်တာကြောင့် နေ့ဖက်တွေဆို ပူပြီး ညဖက်တွေဆို အေးသည်။
တစ်နည်းအားဖြင့် သဲကန္တာရ ဒေသ လို့လဲ ပြောလို့ရနိုင်သည်။ ဒီဒေသတွင် ကိုယ့်လူမျိုးနှင့် လာဆုံရတာ တကယ်ကို ဝမ်းသာစရာကောင်းတဲ့ အရာ တစ်ခုပင်ဖြစ်သည်။ SungHoonဖို့တော့ မနက်ဖြန်တိုင်းဟာ ရင်ခုန်စရာ လေ့လာစရာတွေ ဖြစ်နေတော့သည်။

မနက်ဖြန်သာ ပြန်တွေ့နိုင်မယ်ဆို ဘယ်လောက်တောင် ကောင်းလိုက်မလဲ..။ အဲ့ဒီ မျက်ဝန်းတွေက သူ့ကို နူးနူးညံ့ညံ့ကြည့်နေတာကို သူ သဘောကျမိသည်။

မျက်ဝန်းလှလှလေးကို ပိုင်ဆိုင်ထားတဲ့ Ethan Leeပါလား။


🌹

နံနက်ခင်းကတည်းက SungHoon စိတ်လှုပ်ရှားနေမိသည်။ ဒီနေ့ရော ဘယ်တွေကိုသွားလေ့လာရင် ကောင်းမလဲ။ စိတ်ထဲ Ethanအကြောင်း မရှိဘူးဆိုရင်တော့ လိမ်ရာကျမှာပေါ့လေ တကယ်တမ်း လေ့လာရင်းနှင့် တစ်နေရာရာတွင် အမှတ်မထင် ထပ်တွေ့ချင်ပါသေးသည်။

SungHoonသည် အလုပ်ကိစ္စနှင့် ပတ်သက်ရင် တစ်စက်လေးမှ အမှားမခံသည့် လူမျိုးဖြစ်သည်။ ကျန်တဲ့အချိန် စနောက်နေတတ်ပေမယ့် အလုပ်လုပ်သည့် အချိန်ဆို ဘေးနား ဘယ်သူမှ
မကပ်နိုင်လောက်သည်အထိ တည်ကြည်ပြီး ကြောက်စရာကောင်းသည်။ ထိုလို လူမျိုးသည် သူမသိတဲ့အရပ်ရောက်လည်း အစအဆုံးကြိုးစားပြီး
စွန့်စားမည့် လူဖြစ်သည်။

ဘာလိုလိုနဲ့ Ebikeစီးရင်း Hotelထဲမှ ထွက်ခဲ့သည်။ နံနက်ခင်းဖြစ်တာကြောင့် နေမင်းကြီးဟာ သူ့အရှိန်အဝါကို သိပ်ထုတ်မပြသေးချေ။ ပုဂံကို သဘောကျတဲ့ အကြောင်းပြချက်ကိုပြောပြပါဆိုရင် SungHoonကတော့ ဘယ်နေရာကို ကြည့်ကြည့် စေတီပုထိုးတွေကို မြင်ရပြီး ပန်းချီကားနှင့် တူနေတာကြောင့်လို့ ပြောရပေမည်။ ရေညှိရောင်သမ်းနေတာတွေ မြေနီရောင်တွေ ထုံးရောင်တွေအစရှိသည်တို့သည် တန်ဖိုးမဖြတ်နိုင်သည့် အမွေအနှစ်ပင်ဖြစ်သည်။

Ebikeစီးနေတာမလို့ လုံခြုံရေးအရ Helmet
ဆောင်းထားသော်လည်း ဆံနွယ်တစ်စွန်းတစဟာ လေထဲတွင် ကခုန်နေသည်။ အင်္ကျီရော ဘောင်းဘီရော ဆင်စွယ်ရောင်ဖြစ်တာကြောင့် နို့နှစ်ရောင် အသားအရည်ပိုင်ရှင်သည် ပိုပြီး ဖြူဖွေး
နေသယောင် ဖြစ်နေတော့သည်။

ETHAN , IT'S YOUR BAGANWhere stories live. Discover now