❝ Abeyadana ❞

760 117 10
                                    

Unicode

" ကျွန်တော် သွားနေတဲ့အချိန်အတွင်း ကျွန်တော့်ကို လွမ်းနေမှာလား "

" သေချာတာပေါ့ မေးစရာ လိုသေးလို့လား "

" မေးရမှာပေါ့.. "

" မင်း ကိုကို့ ကို မယုံသေးဘူးလားဟင် "

Ethan စကားအဆုံး SungHoonဟာ ပြူးကြောင်ကြောင်လေးဖြင့် Ethan လက်ဖဝါးကို ဆုပ်ကိုင်ထားသည်။ ထို့နောက် အားနာနေသော မျက်နှာလေးဖြင့်

" အဲ့လို မဟုတ်ပါဘူး ကိုကိုရာ ကျွန်တော်က ဒီတိုင်းလေး..ပြောလိုက်တာကို "

" လွမ်းနေမှာပေါ့...အများကြီး "

" ဒါဆို ရပြီ "

နှဖူးလေးကို ခပ်ဖွဖွ နမ်းရှိုက်လိုက်သောအခါ ဘေးနားမှ ကောင်လေး၏ ကိုယ်ငယ်လေးဟာ အနည်းငယ် တုန်လှုပ်သွားသော်လည်း
ပါးချိုင့်လေးခွက်သည် အထိ သဘောကျကြောင်း ဖော်ပြနေသည်။

တစ်လတောင် ခွဲရတော့မှာတဲ့လား ...။

🌹




ချစ်ရသူ မရှိတဲ့ ပုဂံဟာ အရင်အတိုင်း လှပနေဆဲပါပဲ သို့သော် အနည်းငယ် လစ်ဟာနေသော နှလုံးသားလေးကိုတော့ လိမ်ညာမရနိုင်ပေ။ ပန်းချီကားချပ်တွေကိုသာ ထိုင်ဆွဲရင်း နေ့ရက်တွေကို ကုန်ဆုံးရပြန်သည်။ SungHoon မရှိသောကြောင့် လစ်ဟင်းသွားသော ခြောက်ကပ်ကပ် အခန်းထဲတွင် Ethan နှင့် သူ့၏ ဆွဲလက်စ ပန်းချီကားချပ်များသာ...။
စားပွဲပေါ်တွင် တင်ထားသော သစ်သားဖြင့် ပြုလုပ်ထားသော ဓာတ်ပုံဘောင်လေးတွင် SungHoon နှင့် သူ ပြန်ဆုံခဲ့တုန်းက ပုံလေးကို တင်ထားသေးသည်။

အလုပ်နှင့် ကိုယ်ရေးကိုယ်တာ ဆိုတာကို Ethan သိပ်သိပါသည်။ သို့သော် တစ်စုံတစ်ယောက်ကို တမ်းတနေမိတာတွေဟာ မပျောက်ကွယ်သွားသည်မှာ အချိန်တစ်ခုကို ရောက်နေခဲ့ပြီ ...။

ချစ်သူ..။
Ethan Lee ၏ ဘဝတွင် ပထမဆုံး ရည်းစား ထားဖူးခြင်းပင် ဖြစ်သည်။ အသက်၃၀အရွယ် Ethan Lee သည် လက်ရှိမှာတော့ ဆယ်ကျော်သက် တစ်ဦးလိုပဲ။ လှုပ်လှုပ်ယွယွ ဖြစ်နေသောကြောင့် အချစ်ဟာ လူတွေကို ဒီလိုပြောင်းလဲစေတာပါလား ဟု တိတ်တခိုး တွေးရင်း မျက်နှာပူရပြန်သည်။

ETHAN , IT'S YOUR BAGANWhere stories live. Discover now