Fullmoon in Bagan

486 68 10
                                    

" SungHoon နဲ့ Ethan နှစ်ယောက်မှာ
ပိုချစ်တဲ့ တစ်ယောက်ရဲ့ အကြွေစေ့က
ရေကန်အလယ်ရှိ ခွက်လေးထဲ အံဝင်ခွင်ကျ
ဝင်ပါစေ "

ဒါကတော့ SungHoon လောင်းချင်တာ
ဖြစ်ပြီး Ethan ကား SungHoon စိတ်တိုင်းကျ
အလိုလိုက်ကာ အရာရာတိုင်း လိုက်လုပ်ပေးတာ
ဖြစ်သည်။ အရာရာ SungHoon သဘောဖြစ်ပြီး
သူကလည်း အကုန်လုံးကို ဖြည့်ဆည်းပေးမှာ
ဖြစ်သည်။

နှစ်ယောက်ပြိုင်တူ အကြွေစေ့ပစ်လိုက်ရက်နှင့်
အကြွေစေ့တစ်ခုကသာ ခွက်လေးထဲ ဝင်သွားသည့်အခါ SungHoon သည် မျက်လုံးအပြူးသားလေး
လုပ်နေပြီး သူ့ကို ကြည့်လာသည်။ သူ့အကြွေစေ့
တစ်ခုတည်းကသာ ခွက်လေးထဲ ဝင်သွားတာကို
တအံ့တဩလုပ်နေတာလေးကိုက ချစ်စရာ
ကောင်းနေတာ။

အရူးလေး။
ပိုချစ်တဲ့လူက အမြဲတမ်းကိုယ်ပါပဲ။
အရှုံးပေးတဲ့လူကလည်း ကိုယ်ပါပဲ။

🌹

စားပွဲပေါ်ရှိ စာရွက်အပိုင်းအစတွေကို ဟိုကြည့်ဒီကြည့်
လုပ်ရင်း တစ်ယောက်သောသူထံ ဖုန်းဆက်လိုက်ပါသည်။
အောက်တိုဘာ လကုန်ခါနီးပြီမလို့ အလုပ်များနေမှာ
သိပေမယ့် မနေနိုင်ပေါင်။ သူတို့ မတွေ့ရတာ ကြာနေပြီလေ။

" Sunghoonie အခု ဘာလုပ်နေလဲ "

" ကျွန်တော် အခု အလုပ်လုပ်နေတုန်း "

" အဲ့ဒီမှာ ည ၁၂နာရီ ထိုးခါနီးပြီ နော် "

" အမှန်အတိုင်း ပြောရရင် ကျွန်တော် နာရီတောင်
မကြည့်မိတာ "

" ဒီလို ဖြစ်မယ်ဆိုတာ ကြိုသိနေတယ် "

" လက်စသတ်လိုက်ဦးမယ်လေနော် ကတိပေးပါတယ်
ပြီးရင် အိပ်မှာပါ "

" လွမ်းတယ် မင်း ကိုယ့်ကို မလွမ်းဖူးလား "

" မလွမ်းဘူးဗျာ အလုပ်မအားတော့ သတိတောင်
မရဖြစ်နေတာ "

" ကိုကို .. "

ထင်ထားသလိုပင် ဖုန်းချသွားခဲ့တာကြောင့်
SungHoon လက်သီးဆုပ်လိုက်မိ၍
ပြုံးမိသွားလျက် ဖုန်းကို ကြည့်လိုက်သည်။
နှုတ်ခမ်းပါးမှ စက္ကန့် တွေကို ရေတွက်နေစဥ်
ဆယ်စက္ကန့်ပင် မပြည့်သေး ဖုန်းထပ်ဝင်လာပါ၏။

ETHAN , IT'S YOUR BAGANWhere stories live. Discover now