Ethan , I want to marry you

1.2K 116 14
                                    

Unicode

ပိတောက်ပန်းပွင့်တိုင်း ဒီအဖြစ်အပျက်ကို သတိရနေတော့မည်။ ထိုနေ့ညက သူနှင့်ကိုယ်ကြား ပိတောက်ပန်းခက်လေးသာ ရှိနေခဲ့သည်။ သူ့မျက်ဝန်းတွင် ကြယ်တာရာလေးများ ရှိနေခဲ့သည်။ ထို ကြယ်တာရာလေးတွေကို စိုက်ကြည့်မိရင်း မျက်ရည်မိုးရွာသွန်းခဲ့မိသည်။ တစ်လောကလုံး တိတ်ဆိတ်သွားပြီး တစ်ယောက် နှလုံးခုန်သံ တစ်ယောက် ကြားနေရချိန်တွင် ပိတောက်ပန်းရနံ့လေးသာ သင်းလာ၏။ ထို့နောက် သူ့ခံစားချက်ကလည်း အင်မတန် များပြားလှသည့် ပိတောက်ပန်းတွေပေါ် အားပါးတရ လှဲအိပ်လိုက်ရင်း တိမ်စိုင်လေးတွေကို ငေးကြည့်နေရသည့် ခံစားချက်မျိုး။

🌹

SungHoon သူ့ကို စိတ်ဆိုးပြီး တစ်ယောက်တည်း ပုဂံသွားသည်ဆိုတဲ့ အကြောင်း ကြားကြားချင်း
သူ အလန့်တကြားပင် အလုပ်တွေ စုပုံလုပ်ခဲ့ရတော့သည်။ Jayကို မေးမှ အမှန်ပေါ်သည်မို့
သူချက်ခြင်းလိုက်မရခဲ့။ နောက်ဆုံးတော့လည်း သူ နှစ်ရက်ကြာပြီးနောက် ပုဂံမြေသို့ တဖန်ပြန်လည် သွားရန် ပြင်ခဲ့ရတော့သည်။

SungHoonက Hotelမှာ နှစ်ရက်ခန့်နေခဲ့ပေမယ့် သူ လာသည့်နေ့တွင်မရှိတော့။ ဘုရားရေ ဘယ်တွေများ ရောက်ကုန်ပြီလဲ။ သူ SungHoonကို တွေ့တာနှင့် ဆူပစ်ဦးမည်။ စိတ်ဦးပေါက်ရာ လျှောက်မလုပ်ဖို့နှင့် သူ့ကို အထင်မလွဲဖို့။ ဖုန်းဆက်တော့လည်း မကိုင် Emailမှ တစ်ဆင့်ဆက်သွယ်သော်လည်း ဝင်မကြည့်။ သူ့ Emailတွေကို ဝင်လည်း မဖတ်။ တစ်ချို့ဟာတွေတော့ ဖတ်ပါရဲ့ သို့သော်
ဘာမှပြန်မပြော သူ။

မကြာခင် ရက်ပိုင်းအလိုတွင် သင်္ကြန်ကျတော့မှာမလို့ ပိတောက်ပန်းအတုများဟာ နေရာအနှံံတွင် တွေ့နေရတော့သည်။ SungHoon သဘောကျတဲ့ ပန်းလေးတွေပဲ။ သူ တစ်ချက်ပြုံးမိလိုက်သေးသည်။
သို့ပေမယ့် သူ့ ရင်ထဲက ပူပင်နေမှုများ မလျှော့သွား။
သူ SungHoonကို ပြန်တွေ့ရမှ စိတ်အေးနိုင်မည်။ ပြန်တွေ့ရင်လည်း တင်းတင်းကျပ်ကျပ် ဖက်ထားဦးမည်။ ပြီးမှပဲ ဆူတာပေါ့။

နွေရာသီ၏ လေပူများသည် လေးပင်၏။ ဖုန်များသဲများလည်း တစ်ခါတစ်ရံ ပါလာတတ်သေးသည်။ ပုဂံ၏ နေသည် ပူပြင်းလွန်းသည်။ မြက်ခင်းပြင်များသည်လည်း စိမ်းစိုမနေတော့။ သစ်ပင်များသည်လည်း ရွက်ဝါလေးတွေဖြစ်ကုန်ပြီး ကြွေသည့်ဟာက
ကြွေကျကုန်ပြီ။ ထနောင်းပင်များနှင့် အခြား အပင်များကတော့ နေရာအပြည့်ယူလျက်။ ဦးထုပ်ကို ဆောင်းထားရင်း သူ ခရီးသာ ဆက်ခဲ့တော့သည်။ ရောက်ဖူးပြီးသား၊ ထပ်ခါထပ်ခါ သွားဖူးပြီးသော လမ်းမများသည် ယခုအခါမှာတော့ ထူးခြားနေသည်။ ဤမြေတွင် ချစ်ခြင်းမေတ္တာကို ရှာဖွေတွေ့ရှိခဲ့ရပြီး နောက်တစ်ခေါက် နှစ်ယောက်အတူတူ ပြန်လာရန် ရည်ရွယ်ထားသော်လည်း ဒီလိုအခြေအနေနဲ့တော့ မဟုတ်ခဲ့။

ETHAN , IT'S YOUR BAGANWhere stories live. Discover now